" Take me into your 🎼 🎼 "
Ed Sheeran ၏ Thinking out loud သီချင်းသံချိုချိုလေးမှာ ဂျုံအင်း၏ဖုန်းမှမြည်လာသည် ။ ဂျုံအင်း Ringtone ပြောင်းလိုက်တာလား ။ ဒါမှမဟုတ်တစ်ယောက်ထဲအတွက် သီးသန့်ထားတာလား ။
ကျနော် အတွေးတွေကို ဂျုံအင်းဖုန်းလက်ခံရင်း အဖြေပေးလိုက်သည် ။ ဖုန်းပြောရင်း တစ်ချက်တစ်ချက် ကျနော့်အခြေအနေကိုလှမ်းသုံးသပ်နေတဲ့ ဂျုံအင်းရဲ့ပုံစံက အားနာနေသယောင် ။
" အင်း ။ ဘေဘီပြော ။ ကို့ရဲ့ အမေရိကားကပြန်ရောက်နေတဲ့ သူငယ်ချင်းနဲ့အရေးကြီးကိစ္စရှိလို့ စကားပြောနေတာ ။ ကိုယ်ပြန်လာပြီ ။ အင်း ... အင်း ဒါဘဲနော် "
သူဖုန်းချပြီးသွားတော့ ကော်ဖီကိုတစ်ကျိုက်တည်းမော့သောက်လိုက်သည် ။
" ဂျောင်ဆူး ။ ငါတို့ ဟိုကိစ္စနဲ့ပက်သတ်ပြီး ~ "
" ဟုတ်တယ် ။ ဂျုံအင်း ။ မင်းပြောသလိုဘဲ ငါအထင်မှားခဲ့တာပါ ။ ငါ့ဘဝမှာသံယောဇဉ်ဆိုတာ တွယ်တာရမဲ့သူမရှိတော့ .... သူငယ်ချင်းခံစားချက်ကို သူငယ်ချင်းမှန်းမသိဘဲ ချစ်နေမိတယ်လို့ မင်းကိုဝန်ခံခဲ့တာ ။ အဲဒီအတွက် မင်းစိတ်အနှောက်အယှက်ဖြစ်မယ်ဆို တောင်းပန်ချင်နေတာ "
ကျနော့်အပြောကိုကြားကြားခြင်း သူဝမ်းသာတဲ့ပုံစံနဲ့ ကျနော့်ကိုနောက်တစ်ခေါက်သူ့ရဲ့ ရင်ခွင်ကျယ်ကြီးထဲ ထည့်သွင်းလိုက်သည် ။ သူကတော့ ဖြူစင်စွာထွေးပွေ့ထားပေမဲ့ ကျနော့်ဘက်က ညစ်ထေးစွာခံစားသည် ။
ဘယ်လိုဘဲဖြူဖြူပါစေဦး ။ အညစ်အထေးထဲဝင်တိုးရင် အနည်းနှင့်အများတော့ စွန်းထင်းမည်မဟုတ်လား ။
ဂျုံအင်း ။ ချက်ခြင်းကြီး မစွန်းထင်းပါနဲ့ဦး ။ ကျနော် ဖြေးဖြေးခြင်းဆိုးပေးမဲ့ဟာကို ခဏခဏတိုးဝင်လာတော့ ဘယ်လိုလုပ်ရမှာလဲ ။
" ငါလဲ အကောင်းဆုံးသူငယ်ချင်းကို မဆုံးရှုံးချင်ပါဘူး "
YOU ARE READING
အဖြူရောင် အကျည်းတန်ပန်းငယ်
Fanfictionဒိုဂျောင်ဆူး & ကင်ဂျုံအင်း @Kim_Kyung_Innie