သူတို့နှစ်ယောက်ကြားက သာမန်ထက်ပိုတဲ့ ပတ်သတ်ဆက်နွယ်မှု.....,

**အာ အတွေးနဲ့တင် တကိုယ်လုံးနှုံးချိသွားသလိုပဲ**

"Arrrrrrrrr ဒါကို စဉ်းစားတွေးတောနေလို့ ဘာများကောင်းမှာလည်း?"

ကျွန်တော် နဂိုပုံစံကို ပြန်ရောက်ဖို့လိုနေပြီ!
ကျွန်တော်ခေါင်းထဲကို တခြားအရာတစ်ခု မြန်မြန် အစားမထိုးရင်........
အဲဒီလိုမှ မြန်မြန်မလုပ်ရင်.......
ကျွန်တော် Luhan ကို နာကျင်အောင် ထပ်လုပ်မိလိမ့်မယ်!

Sehun စောင်ခြုံထဲမှနေ၍ ခေါင်းရင်းနားက စာအုပ်တွေဆွဲယူပြီး သချာင်္တစ်ပုဒ်ကို တွက်နေမိသည်!

**Arrrrrrr ဘာလို တွက်မရတော့တာလည်း?????**
ပုစ္ဆာက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်လို့နေတယ်!

**ငါဘာတွေဖြစ်နေတာလည်း!!!???**

တွက်ထားတဲ့ စာရွက် တွေကိုဆွဲဆုတ်ရင်း ခေါင်းအုံးပေါ်မှောက်အိပ်နေမိသည်!

*တင်း တောင်*

****************************************************************
"Luhan"

"............"

"Luhan shii!!!!!!!"

".............."

ပရော်ဖက်ဆာရဲ့ အခေါ်ကို Luhan ပြန်မထူးဘူး! Computer screen ကိုသာ မေးထောက်ပြီး မမှိတ်မသုံ စိုက်ကြည့်နေသည်!

"u...waaaaaaaa"

ရုတ်တရက် ပရော်ဖက်ဆာက Luhan နားရွက်ကို ပန်းခက်တစ်ခုနဲ့ တို့လိုက်ရာ Luhan လန့်ပြီးအော်လိုက်မိသည်!

"ဆ..ဆရာကလည်း အရင် လိုပဲ ပုခုံးပုတ်ပြီးခေါ်တာမဟုတ်ဖူး"

Luhan က မျက်နှာရဲရဲနဲ့ နားရွက်ကို အုပ်ရင်း ပြန်ပြောနေသည်!

"မင်းမျက်နှာက ထူးထူးဆန်းဆန်း အမူအရာဖြစ်နေပြန်တာကို"

"ကျွန်တော် အဲ့လိုဖြစ်နေပြန်ပြီလား?"

Luhan က တွေငေးငေးနဲ့ ရေရွတ်နေပြန်သည်!

**ဒီကလေးတကယ်ရိုးသားတယ်**

"ဒါနဲ့ Luhan ! Sehun ဘယ်တော့ ပြန်လာမှာလည်း?"

"အင် ဘယ်လို ဘယ်တော့ပြန်လာမှာလည်း လည်း?"

"အော် သူမင်းကိုမပြောဘူးလား? Sehun သူငယ်ချင်းနဲ့ ငါတွေ့တော့ သူကပြောတယ် Sehun ဖျားနေလို့တဲ့ မလာနိုင်သေးတဲ့အကြောင်း! ငါက မင်းသိတယ်ထင်နေတာ"

Only The Flower Knows [Completed]Where stories live. Discover now