Senseless

5.7K 561 5
                                    

"ဟို.. Byun Baekhyun လားမသိဘူး"

ကျနော်ထိုင်နေတဲ့ ခုံဆီကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး သတင်းလာမေးတဲသူကို ကျနော် အကဲခတ်နေမိတယ်.. ကျနော့်ထက်အရပ်အတန်ငယ်ပုပြီး နားရွက်ကားကား မျက်လုံးဝိုင်းဝိုင်းနဲ့ တစ်ခါမှမမြင်ဘူးတဲ့ သူစိမ်းတစ်ယောက်.. Appa ကများ လွှတ်လိုက်လေသလား?

"ဟုတ်ပါတယ်.."

"ဟို.. ကျနော်.."

ကျနော့်လက်ထဲကို ဗူးသေးသေးလေး တစ်ခုထိုးပေးပြီး တစ်ချိုးတည်းတန်းနေအောင် ပြေးတော့တယ်! စာသင်ခန်းက ပြေးအထွက် အခန်းထဲဝင်လာတဲ့ Kyungsoo ကိုတောင်ဝင်တိုက်မိသေးတယ်!

"ကျနော်တောင်းပန်ပါတယ်"

သူကပျာကယာနဲ့ ထွက်သွားတော့ ကျနော့်ခုံရှေ့မှာထိုင်နေတဲ့ Kim Jongin က ကျနော့်လက်ထဲက ဗူးကိုစိတ်ဝင်တစား လှမ်းကြည့်နေတယ်..

ကျနော်ဗူးကိုဖွင့်လိုက်တော့ အထဲက သပ်သပ်ရပ်ရပ် ထုတ်ထားတဲ့ chocolate တွေနဲ့စာတိုတစ်စောင်..

**ကျနော် Baekhyun ကိုသဘောကျတယ်.. ကျနော့် အချစ်တွေကိုလက်ခံပေးပါ**

"Boyar.. ဒီကောင် gay လား?"

Jongin စကားကိုကျနော်မထီသလိုလိုရယ်မိတယ်! ကျနော့်ကိုကျောင်းမှာမျက်စိကျနေတဲ့ ကျောင်းသားတွေ လိုချင်တပ်မက်နေတဲ့ သူတွေ တစ်ပုံကြီး..

"နားစမ်းပါကွာ.. chocolate ပဲစားရအောင်"

ကျနော် သူ့စာတိုလေးကိုလက်နဲ့စုတ်ခြေပြီး အောက်ကိုပစ်ချတော့ Jongin ကပြန်ကောက်တယ်..

"နေစမ်းပါဦး.. ဒါကစိတ်ဝင်စားဖို့ကောင်းတယ် မထင်ဘူးလား?"

"ဘာကလဲ?"

ကျနော်က လက်မမှာပေကျံနေတဲ့ chocolate တွေကို လျှာနဲ့သပ်ယူလိုက်တယ်..

"သူက Park Chanyeol တဲ့"

"Jinjja!!!?"

ကျနော်ကြေမွနေတဲ့ စာတိုလေးကိုကောက်ဆွဲလိုက်တော့ စာတိုလေးရဲ့ထောင့်မှာ လက်ရေးလှနဲ့ "Park Chanyeol" ဆိုတဲ့စာလုံးသုံးလုံးကို အံ့သြစွာ တွေ့ရတယ်..

"တစ်ကျောင်းလုံးမှာ သူက အဆင့် ၄ နဲ့ ဝင်လာတဲ့ တစ်ယောက်မဟုတ်လား? အူကြောင်ကြောင်နဲ့လေ"

FearlessWhere stories live. Discover now