''Noona ကို မမှတ်မိတော့ဘူးလား Jongdae !!"

JD စဉ်းစားရကြပ်သွားသည် . ချက်ချင်းဆိုသလို ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုကြောင့် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ . ထိုမိန်းကလေးကလဲ ဖုန်းလေးထုတ်ကာ အနားကပ်လာပြီး

''မင်းနဲ့ noona ချစ်ခဲ့ကြတယ်လေ ''

''ဘာ~ ဘယ်လို ! အချစ်? မနောက်ပါနဲ့ဗျာ ''

''ဒီမှာကြည့် မင်းပဲ လက်ထပ်မယ်လို့ပြောခဲ့တာလေ အဲ့ဒီညကပဲလေ ZangYixing ကြောင့်သာ မဟုတ်ရင် ငါတို့ အခုလိုဖြစ်လာမှာမဟုတ်ဘူး Jongdaeလေး ''

''ဘာက ~~ ဘယ်လို !!"

RuRu ပြလိုက်သော ပုံတွေကြောင့် မှင်သက်သွားရပြန်သည် . တကယ်ပဲလား !!! . ဘာကိုမှလည်း သတိမရတော့ .

''noona က တွေ့ချင်လို့လာခဲ့တာပါကွာ မင်းသေချာစဉ်းစားကြည့်ပါဦး နော် ''

ruru လည်း မထွက်လာတဲ့ မျက်ရည်အတုတွေ ညှစ်ချရင်း လိမ်စဉ်တွေ ထွင်နေလေတော့ ဘာမှမမှတ်မိတဲ့ JD ဆွံ့အနေခဲ့သည် .

********************

''Hanလေး အခုအိမ်မှာလား ''

''အင်း hunnie ! ညနေမှလာခဲ့မယ် ခဏနေပေးလိုက်နော် ''

''အင်းပါ ~~''

Luhan နဲ့ ဖုန်းပြောရင်း Sehun လူနာခန်းတံခါးကို ဖွင့်လိုက်တော့ ... ပြုတ်ကျနေတဲ့ စာအုပ်လေးနဲ့ သွေးစလေး စွန်းနေတဲ့ ဆေးသွင်းအပ်လေးက အဖော်မဲ့စွာ ~~
''Jongdaeahh!!!"

ရုတ်တရက် ပါးစပ်က ရေရွတ်လိုက်တော့ တစ်ဖက်မှ

''Hunnie wae?? "

"အခန်းထဲမှာ Jongdae မရှိဘူး ''

''အပြင်ထွက်နေတာလားမှ မသိတာ ''

''arrnyi . တစ်ခုခုဖြစ်နေပြီ ထင်တယ် ဆေးသွင်းအပ် butterflyက တန်းလန်းကြီး ''

''ဘာ~~ !!"

******************

ဆေးရုံတစ်ခုလုံးနှံ့ ထိတိုင် ရှာမတွေ့ ... Yixing လည်း အရူးတစ်ယောက်လို

''ဘာထပ်ဖြစ်နေပြန်ပြီလဲ ကလေးရယ် ''

စိတ်ထဲ ထွက်နေတဲ့ ဒေါသတွေက ဆရာဝန်တွေ အပေါ်ပုံကျကုန်သည်...

''ခက်ဗျားတို့ ဆေးရုံက ဒီလောက်တောင် တာဝန်ကင်းမဲ့လား လူနာတစ်ယောက်လုံး ပျောက်သွားတာတောင် မသိဘူးလား ဟမ်!! တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ''

'' ချစ်ခြင်းအား မနောက်ပြောင်ရ ''Where stories live. Discover now