လွန်ခဲ့သော 3 နာရီခန့်က

''Jongdaeahh !! ငါ အိမ်ပြန်ပြီး လိုအပ်တာတွေ သွားယူလိုက်ဦးမယ် မကြာဘူးနော် ''

''အင်းးး သွားလေ Luhan မင်းလည်း ငါ့ကြောင့် ပင်ပန်းနေပြီ မင်း အနားယူလိုက်ဦးလေ ညနေလောက်မှ လာလည်းရတယ် ငါနေကောင်းနေပြီပဲ ''

''နေကောင်းနေလည်း တစ်ယောက်တည်းဆို ပျင်းနေမှာပဲလေကွာ ''

''ရပါတယ်ကွာ တော်ကြာ ငါ့ကို Sehun ဆဲနေပါဦးမယ် ''

နှစ်ယောက်သား နောက်ပြောင်ရီမောပြီးနောက် Luhan လည်း အိမ်ပြန်လာခဲ့လိုက်သည် . Luhan ထွက်သွားပြီးနောက် ကုတင်ပေါ်တွင် စာအုပ်လေး ဖတ်ရင်း တံခါးဖွင့်သံကြားလိုက်တော့

''Luhan ?? ဘာကျန်ခဲ့လို့လဲ ''

JD မေးရင်း မော့ကြည့်လိုက်တော့

''တွေ့ရတာ ဝမ်းသာပါတယ် KimJongDae !!"

အနက်ရောင်အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူနှစ်ယောက်နဲ့အတူ မိန်ကလေးတစ်ယောက်

''ဟုတ်~ ဟုတ်ကဲ့ ~ ''

JD စာအုပ်လေးကိုင်ထားရင်း ကုတင်ပေါ်မှဆင်းလိုက်သည် .

''KimJongDae Shi !! ဘာလို့ ပြန်နိုးထလာခဲ့တာလဲ မင်းကိုယ်မင်း မသနားဘူးလား ''

''ခင်ဗျား ဘာတွေပြောနေတာလဲ ကျွန်တော် ဘာမှ နားမလည်ဘူး ''

ထိုမိန်းကလေးမှ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်တော့ အနောက်က လူနှစ်ယောက်က JD ရဲ့ လက်နှစ်ဖက်ကို တစ်ဖက်စီ ဆွဲကိုင်လိုက်တော့ စာအုပ်လေး လွတ်ကျသွာသည် .

''ခင်ဗျား ဘယ်သူလဲ ဘာလို့ ကျွန်တော့ကို ဒီလိုလာလုပ်နေတာလဲ ''

''~~ဟင်!! မင်း ငါ့ကို မသိဘူးလား ?''

''ကျွန်တော် နောက်ခဲ့ဖူးတဲ့သူတွေထဲကများလား အဲ့ဒါဆိုတောင်းပန်ပါတယ်ဗျာ ''

''ငါလေ RuRu လေ ! -- ZangYixing ရဲ့ ~~ ''

''ZangYixing ?? ကျွန်တော်နိုးလာကတည်းက ဒီနာမည်ပဲ ပြောနေကြတယ် အဲ့လူနဲ့ ကျွန်တော် ဘယ်လိုပတ်သတ်လို့လဲ ''

ထိုစကားကြောင့် RuRu တွေဝေသွားသည် ... ဘယ်လိုဖြစ်တာလဲ . ခဏစဉ်းစားပြီးနောက် ဘေးမှလူနှစ်ယောက်အား ဖယ်ခိုင်းပြီး

'' ချစ်ခြင်းအား မနောက်ပြောင်ရ ''Where stories live. Discover now