အဝါရောင်ဖျော့ဖျော့ခန်းစီးတို့သည်လဲ ညစ်ထေးထေးအရောင်တို့ဖြင့် ဆွေးမြည့်စွာအလင်းရောင်ကို ကာဆီးနေသည် ။ ဖုန်တို့ကြောင့် ကျနော့်လက်တစ်ဖက်ဖြင့် အုပ်ကွယ်ရင်း မြန်မြန်ဆွဲလှပ်လိုက်သည် ။
နံနက်ခင်းနေရောင်ခြည်တို့သည် အရိုင်းဆန်ဆန် စူးဝါးစွာကျနော့်ဆီသို့ ထိုးကျလာသည် ။ လက်တစ်ဖက်ဖြင့် ကျနော့်မျက်နှာသို့ကျရောက်သည့်အလင်းကို အရိပ်ကွယ်စေသည် ။ မှန်ပြတင်းချပ်မှရှေးရူကြည့်တော့ ပူပြင်းပြင်းဟိုင်းဝေးလမ်းမကြီးက နှုတ်ဆက်နေသည် ။
တိုင်ကပ်နာရီလေးရဲ့ တချက်ချက်မြည်သံက တစ်စတစ်စ ကျနော့်နားထဲမှာ ကျယ်လောင်လာသည် ။ ၃ လဆိုသည့်အချိန်က ဒီကနေ့တစ်ရက်လေးကိုကျော်ဖြတ်ဖို့အတွက် လုံလောက်သည့် အင်အားမျိုးကိုမရခဲ့ပါ ။
ဘာလို့ ကျနော်ကအမြဲတမ်း နားလည်ပေးရသူမျိုး ဖြစ်နေခဲ့ရတာလဲ ။
ဘာလို့ ကျနော်ကအမြဲတမ်း ခွင့်လွှတ်ပေးရသူမျိုး ဖြစ်နေခဲ့ရတာလဲ ။
ဘာလို့ ကျနော်ကအမြဲတမ်း ကျေနပ်နေရသူမျိုး ဖြစ်နေခဲ့ရတာလဲ ။
ဘာလို့ ကျနော်ကအမြဲတမ်း လက်လျော့ရသူမျိုးဖြစ်နေခဲ့ရတာလဲ ။
တစ်ခါလောက်များ ကျနော်နေချင်သည့်အတိုင်း လောကကြီးကို အရွဲ့တိုက်ပစ်ချင်သည် ။ ထိုအရွဲ့တိုက်မှု့မျိုးသည် တခြားသူတွေ ပတ်ဝန်းကျင်မှာ အကုန်ဒုက္ခရောက်သည့် အရာသို့ဦးတည်ချင်ဦးတည်လိမ့်မည် ။
တခြားသူတွေ ?
ပတ်ဝန်းကျင် ?
ဟတ် ! ဟတ် !
ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်ရင်း ကျနော့်နှလုံးသားကို ဥပက္ခာပြုရမှာလား ?
အခြားသူတွေအကုန်အဆင်ပြေဖို့အတွက် ဘာကြောင့်ကျနော့်နှလုံးသားကို ခြေချနင်းပေးရမှာလဲ ?
VOCÊ ESTÁ LENDO
အဖြူရောင် အကျည်းတန်ပန်းငယ်
Fanficဒိုဂျောင်ဆူး & ကင်ဂျုံအင်း @Kim_Kyung_Innie
Prologue
Começar do início