Ep.5 I Love U

549 50 10
                                    

ကျွန်တော် EXO leader  suho မနက်ခင်း...,yeol တို့အခန်းထဲဝင်လာတော့ နှဖူးပေါ်မှာ ရေဖတ်ဝတ်နဲ့ စိတ်ချလက်ချအိပ်ပျော်နေတဲ့ baekyun....နဲ့ တစ်ညလုံးမအိပ်ဘဲ စိုးရိမ်တကြီး ဖြစ်နေတဲ့ yeol မျက်နှာက ဖျော့တော့နေတယ် မိုးလင်းခါနီးမှအိပ်ပျော် သွားတယ်နေမှာ
"chanyeol yahh ထထ ၈နာရီထိုးနေပြီ မနက်စာပြင်ပြီးပြီ member တွေလဲဆုံနေပြီ ထတော့"
"hyung baekyun ကိုမနှိုးနဲ့ဦး" အဲ့လိုပြောလိုက်တော့
ငါတို့ရဲ့ omma ကြီးက စိုးရိမ်သွားတာပေါ့
"wae wae ဘာလို့လဲ "
"ညက အဖျားတွေတက်နေတာ ခုနမှ ပြန်ကျသွားတာ သူအိပ်ပါစေဦး"
"အေးပါကွာ ဒါဆိုလဲ နိုးမှပဲ ဆန်ပြုတ်နဲ့ဆေးတိုက်လိုက်မယ် "
"ဒါနဲ့ hyung  ဒီနေ့ ဘယ်သူ့ duty လဲ "
"ငါနဲ့ sehun နဲ့လေ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ဒီအတိုင်း မေးကြည့်တာ ကျွန်တော် မျက်နှာသစ်ပြီး ဆင်းခဲ့မယ်နော်"
suho လဲ အေးဆိုပြီး ဆင်းသွားလေရော
omma ကြီးဆင်းသွားမှ
yeol ကုတင်နားသွားကာ ကုတင်အောက်နားမှာ ဒူး ထောက်ထိုင်ချလိုက်ပြီး သူ့လက်လေးနဲ့ baekyun ရဲ့ နှဖူးကို စမ်းလိုက်တော့ အဖျားကျသွားပြီ လို့သိလိုက်တော့မှ သက်ပြင်းချလိုက်တယ်
yeol အောက်ကိုရောက်သွားတော့
chen က "chanyeol yahh baekyun နေမကောင်းလို့ဆို"
အဲ့အချိန် ဖြတ်ပြီး မေးလိုက်တာက kai "မနေ့ကလဲ တစ်နေကုန်မတွေ့ဘူး ဘယ်တွေသွားနေတာလဲ " သူတို့အမေးကို ဖြေလိုက်တာက ငယ်လေး "မနေ့က ကန်ဘောင်ဘေးမှာ တစ်နေကုန်ထိုင်နေတာလေ အဲ့တော့ ဖျားပြီပေါ့"
"မင်းတို့ကလဲကွာ အစားအသောက်တွေအေးကုန်ပြီ စားကြတော့ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေတာပဲ"လို့ ခပ်တည်တည်နဲ့ စတိုင်ကျကျနေတတ်တဲ့ member ကြီး ကိုDO ကဆူလိုက်တော့မှ
ချစ်ဖို့ကောင်းပြီးမထင်ရင်မထင်သလို ဟာသလေးတွေပြောတတ်တဲ့ lay က" ဆူမှာပေါ့ လူများတာကိုးကွ "လို့အော်လိုက်တော့
အကုန် ထရယ်ကျပါလေရော အားလုံးကို မျက်လုံးပြူးပြူးနဲ့ ငါ့ကို လှောင်တယ်ဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့ DO အကြည့်ကို ကြည့်ပြီး ထပ်ရယ်ကြပြန်ရော
ဒီလိုပဲ ငါတို့ oppa တွေရဲ့ dorm ကလဲပျော်စရာတွေနဲ့ ပြည့်နေမှာအမှန်ပဲ နော်😺
yeol တစ်ယောက်ကတော့ DO နား နားကပ်ပြီး "kyung soo yah ငါမင်းနဲ့ တိုင်ပင်စရာရှိတယ် practice room ကိုလာခဲ့ပေး နော်"
"အင်း "
အဲ့အချိန် yeolကိုအကြည့်စူးစူးနဲ့ ကြည့်နေတာက kai
ဘာပဲဖြစ်ဖြစ် yeolတို့ကတော့ ပါးစပ်ကိုနားရွက်တက်ချိတ်လောက်အောင် ရယ်ပြပြီး လှည့်ထွက်သွားတော့
kai လဲ စားစရာရှိတာ ပြန်ငုံ့စားနေလေရဲ့

CHANBAEK is REALDonde viven las historias. Descúbrelo ahora