Zu : စိတ်​ထင်​တာ ​နေမှာပါ

ပြီးမှ မျက်လုံးပြန်ဖွင့်လိုက်ကာ တံခါး ပိတ်လိုက်တော့သည်။

နောက်တစ်နေ့ မနက်ခင်းကနေ နေ့လည်ထမင်းစားဆင်းချိန်အထိ သူမတို့လေးယောက် ပေါ်မလာခဲ့ပေ။

Fu : ကျောင်းက ဖွင့်တာ မကြာသေးဘူး ၊ သူတို့က ကျောင်းလစ်နေကြပြီ

Fu မျက်နှာကို ရှုံ့မဲ့ကာ ပြောလိုက်သည်။

Ku : နားငြီးသက်သာတာပေါ့ကွာ

Ku . . . Fu့ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

ကျောင်းတက်ခါနီး ဆယ်မိနစ်အလိုကျမှ Attdar တို့ လေးယောက်က ကျောင်းအခန်းထဲ ဝင်လာကြလေသည်။

အသံ : ဗုန်း

သူတို့လေးယောက်လုံး လွယ်အိတ်တွေကို ခုံပေါ် ပစ်တင်လိုက်ကြသည်။

Attdar က နားကြပ်တင်လျက်နဲ့ အပြင်​ကို ထုံးစံအတိုင်း ​ငေး​နေလိုက်​သည်​။
YiyarKolar နဲ့ Eno တို့က​တော့ ဟန်​ကို မ​ဆောင်​နိုင်​​လောက်​​အောင်​ ပင်​ပန်း​နေကြတာမလို့ ခုံပေါ် မှောက်အိပ်ပစ်လိုက်​​ကြသည်။

Fu : မင်းတို့ တ​စ်​​နေရာသွားမယ်​ဆိုရင်​ ခွင့်​ပြုချက်​ယူရတယ်​ဆိုတာ မသိဘူးလား

Fu အသံကို သူမတို့က ဂရု​တောင်​ မစိုက်​ကြ​ချေ။

Fu : ​ဟေ့ . . .

Eno : အခု​နေ နင့်​ပါးစပ်​လေး ခဏပိတ်​​ပေးမယ်ဆို​ရင်​ ငါ အရမ်း ​​​ကျေးဇူးတင်​နေမှာပါ

Fu : ဘာ . . .

Fu စိတ်​တိုလွန်း၍ နားရွက်​​တွေပါ နီရဲတွက်​လာ​တော့သည်​။

Zu : Fu ထားလိုက်​​တော့ ၊ ခု အတန်းထဲ​ရောက်​​နေတာ ၊ ​ဘေးမှာ တခြားလူ​တွေရှိ​သေးတယ်

Ru : ​အတန်းပြီးမှ ​မေးကြတာ​ပေါ့

Fu : ငါက​တော့ အ​လျှော့မ​ပေးနိုင်​ဘူး ၊ သူတို့က ငါတို့ကို မျက်​စိထဲကို မထည့်​ . . .

Attdar : ကျစ်​ . . .

Attdar မျက်​လုံးဖွင့်​ပြီး တစ်​ချက်​ညည်းလိုက်​မိသည်​။

The End Of The Hate Where stories live. Discover now