His Lesson (3) > kissing

Start from the beginning
                                    

'မဆိုးပါဘူး ဒါပဲဝတ်တော့မယ်'

လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အပြုံးတစ်ခုကိုကျတော်မျက် နှာမှာဖန်ဆင်းလိုက်တယ်။သတိရလို့ နာရီကိုနောက်တစ်ခေါက် ကြည့်မိတော့ ၇နာရီခွဲနေပြီ။၆နာရီထ လို့သာပေါ့။နို့မို့ဆို ၁၁နာရီတောင်ရောက် မှာမဟုတ်ဘူး။

ကပြာကယာနဲ့ ကျတော်လည်း အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးရေချိုးခန်းထဲ ဝင် ခဲ့ရ တော့တယ်။

€€€€€€€€€€

bellတီးပေမယ့် ဘယ်သူမှ လာမ ဖွင့်ပေးတာကြောင့် password ရိုက်ပြီး ကျတော် sehun အိမ်ထဲဝင် လိုက်တယ်။ sehunက ကျတော့်ကို password ပြောပြထားတယ်။ယုံကြည်တဲ့ အ နေနဲ့ပေါ့

'sehun'

အိမ်ထဲဝင် ပြီး sehun နာမည်ကိုခေါ်ကြည့်ပေမယ့် အရိပ်အ ယောင် တောင် မ တွေ့ရ။ မီးဖိုချောင် ။အ ပေါ်ထပ် နေရာစုံလိုက် ရှာကြည့်ပေမယ့် မ တွေ့။

'အခန်းထဲမှာများလား'

အခန်းထဲမှာများလားဆိုပြီးကျတော် sehunအခန်းထဲဝင် ကြည့်လိုက်တယ်။ sehunမရှိ။ တံခါးကိုအသာအယာပြန်ပိတ်ဖို့ လုပ်လိုက် ပေမယ့် ကျတော့် မျက် လုံးက တစ်နေရာဆီရောက် သွားတယ်။အဲ့ဒါက sehunစာကြည့်စားပွဲပေါ်က စာအုပ်လေး။diaryစာအုပ်လို့ ထင် ရတဲ့ စာအုပ်လေး။သိချင် စိတ်ကြောင့် ဝင် ဖတ်မလို့ တွေးလိုက် ပေမယ့်ရိုင်းရာကျမှာမို့အခန်းတံခါးကို အသာပြန်ပိတ်ပြီး ဧည့်ခန်းထဲ ထွက်လာခဲ့တယ်။

sehunမ ရောက် သေးတာမို့ ဆိုဖာပေါ်မှာထိုင် ရင်း သတင်းစာ ဖတိနေ ပေမယ့် စိတ်က အဲ့ ဒိုင် ယာရီ စာအုပ် လေးဆီမှာသာ။ဘာကြောင့်မှန်းမသိ အဲ့စာအုပ် လေးထဲက အ ကြောင်း အရာတွေကိုကျတော် သိချင် နေမိတယ်။ များသောအားဖြင့် ဒိုင် ယာရီစာအုပ် မှာဆို ရင် ချစ်သူ အ ကြောင်းတွေရေးထားတတ်တယ်လေ။

'luhanတောင် ရောက် နေပြီပဲ sorry နောက်ကျသွားတယ်'

'ရပါတယ်'

'ခဏ လေး အကျီင်္သွားလဲလိုက် ဦးမယ် '

ကျတော်ခေါင်းငြိမိ့ပြလိုက်တယ်။ ကြက်သီးတွေတောင် ထ လာတယ်။ သူ့ဒိုင် ယာရီ ခိုးဖတ်မလို့ ရှိတုန်း sehun ရောက် လာတယ်လေ။တော်သေးတယ် မဖတ်မိလို့။ဖတ် မိရင် တော့ sehun အမျက် ချောင်းချောင်းထွက် မှာမြင် ယောင် သေးတယ်။

My King (hh ,yaoi, mm sub) {completed}Where stories live. Discover now