His Lesson (3) > kissing

4.4K 517 21
                                    

မနက်ခင်းရဲ့အလင်းနုနုကကျတော့်မျက် နှာပေါ်ဖျာကျလာတော့ကျတော်နိုးလာတယ်။

'ဒီနေ့ စ နေ နေ့ပဲ'

နှုတ်ဖျားက ခပ်ဖွဖွရေရွတ် ရင်းအ ကြောဆန့်လိုက်တယ်။နာရီကိုတစ်ချက်လှမ်းကြည့်လိုက် တော့ 6နာရီ။Sehunဆီသွားဖို့ စောနေ သေးတယ်။ဒါပေမဲ့ ဘာကြောင့် ရယ်မသိ ကျတော် အတွက်တော့နောက် ကျနေသလိုတောင် ထင် ရတယ်။

အပြုံးလှလှတစ်ခုကိုဖန်ဆင်းပြီး ဒီနေ့ ဘာဝတ်ဖို့အတွက် ကြိုတင် ပြင် ဆင် လိုက်တယ်။အဝတ်ဗီရိုထဲက အဝတ်တွေကိုမွှေလိုမွှေ နှောက်လိုနှောက် နဲ့ တစ်မျိုးပြီးတစ်မျိုးထုတ်ဝတ်ကြည့်တယ်။

'ဒါကြီးက မိန်းမဆန်တယ်'

'ဒါကြီးက ငါနဲ့ မလိုက်ဘူး'

'ဒါက က လေးဆန်တယ်'

အထည် ပေါင်းများစွာထုတ်ဝတ်ကြည့်ပေမယ့် စိတ်တိုင်းမကျ။အရင် ကလိုဆို ဘာကောက် ဝတ်ဝတ် အဆင် ပြေ နေတဲ့ ကျတော်က အခုတော့ ဘာဝတ်ဝတ် အဆင် မ ပြေသလိုခံစားရတယ်။ဟိုဟာဝတ်လည်း မလိုက် သလို။ဒီဟာဝတ်လည်း မပြည့်စုံသလိုဖြစ် နေတယ်။လှချင် လွန်းပြီး စိတ်တိုင်းမကျတာဖြစ်လိမ့်မယ်။

'ဝတ်စရာကလည်း ဒါပဲရှိတာလား'

ကျတော့်ရှေ့က ကျတော့်အရပ် လောက်နီးနီးရှိတဲ့ အဝတ်ပုံကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ဒီလောက်များတဲ့အဝတ်အစားအသစ်တွေ ရှိနေ တာတောင် ဝတ်စရာရှားနေ သေးတယ်လို့ သူများတွေတောင် ကျတော့်ကိုပြောကြ တော့မယ်။ ကျတော်က တော့အခုထိဘာဝတ် ရမှန်းမသိသေး။ကျတော်ဒီနေ့အတွက် perfectဖြစ် ချင် နေတယ်။sehun ရှေ့မှာsmart ကျကျလူတစ်ယောက်ဖြစ်ချင် တယ်။သူ့မျက် စိရှေ့မှာကျတော်က အ တောက် ပဆုံးဖြစ် ချင် နေတယ်။

'တကယ်ပါပဲ။ဘာဝတ် ရမှန်းတောင် မသိတော့ဘူး'

ကျတော် ညည်းတွားရင်းက နာရီကိုတစ်ချက်ကြည့်လိုက်တော့7နာရီတောင် ထိုးနေပြီ။ အခုထိအကျီင်္ရွေးတာတောင် မပြီးသေး။

စိတ်ညစ်ညစ်နဲ့ တွေ့ရာကောက် ဝတ်မယ်ဆိုပြီး အင်္ကျီအနက် ။ဂျင်းဘောင်းဘီအနက်နဲ့ ဂျာကင် ရွှေရောင် တစ်ထည်ကိုရွေးလိုက်တယ်။ ဖိနပ်ကိုလည်း အင်္ကျီနဲ့ လိုက်အောင် ဆိုပြီး ရွှေရောင် ကိုရွေးလိုက်တယ်။နာရီကိုတော့သိပ် မ တောက်ပ စေချင် လို့ အနက်ကို ရွေးလိုက်တယ်။

My King (hh ,yaoi, mm sub) {completed}Where stories live. Discover now