A, K, Y, E : အိပ်မက်ဆိုး . . . ညတိုင်း . . .

သူမတို့လေးယောက်လုံး ပြိုင်တူ တိုးတိုးလေး ရေရွတ်မိကြလေသည်။

S u : ဒီလေးယောက်ကို လိမ်ရတာ လွယ်တာ

သော့ကိုင်ထားရာကနေ S u မသိမသာလေး ပြုံးလိုက်မိသည်။

Attdar : အခန်းနံပါတ်က ၅ ၊ ၆ ၊ ၇ ၊ ၈ . . . ဟုတ်တယ်မလား

S u : အင်း ၊ တစ်ယောက်တစ်ခန်းစီနော်

Attdar : နံပါတ် ၈

Attdar အခန်းနံပါတ် ၈ ကို ယူလိုက်သည်။

Kolar : My Lucky Number . . . 5

E n o : Lucky 7

Yiyar : အာ့ဆို နောက်ဆုံးကျန်တာက
၆ မလား

S u ထင်ထားတဲ့ နံပါတ်တွေအတိုင်း သူတို့က ယူသွားကြလေသည်။

Yiyar : အခန်းဆီကို တန်းသွားရုံပဲလားဟင်

Yiyar သော့ပေးတဲ့ တစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

သို့သော် . . . ။

Yiyar : ဟင် . . . စောနက အမကော . . .

Kolar : ဟုတ်တယ်ဟ ၊ ဘယ်ပျောက်သွားတာလဲ

E n o : မြန်လိုက်တာ ၊ ဘာမှလည်း မမေးလိုက်ရဘူး

E n o မကျေမနပ်ပြောလိုက်မိသည်။

Attdar မျက်မှောင်ကျုံ့လိုက်မိပြန်သည်။

Attdar : ထားလိုက်တော့ ၊ သွားကြရအောင်

သူမတို့တွေ အပေါ်ဆုံးအထပ်အထိကို တက်သွားရလေသည်။

Kolar : ဟူး . . . မောတာ ၊ အစွမ်းထုတ်ရင် တစ်စက္ကန့်တောင် မကြာဘူး ၊ တန်းရောက်မှာကို

Attdar : တော်ရုံ မသုံးတာ
ပိုကောင်းမယ် . . . Kolar

Yiyar : Kolar ရယ် . . .
ညည်းမနေတော့နဲ့ ၊ရောက်ပြီ

သူမတို့တွေ ကိုယ့်အခန်းရှေ့ကို ကိုယ်စီ နေရာယူလိုက်ကြပြီး သော့ကိုထုတ်ကာ သော့ဖွင့်ခါနီးမှာတင် . . . ။

Z u : Miki . . .

K u : Miko . . .

R u : Yuki . . .

F u : Yuko . . .

မျက်နှာချင်းဆိုင်အခန်းမှ တံခါးဖွင့်ကာ နာမည်တွေခေါ်လိုက်တာကြောင့် သူမတို့တွေ လှည့်ကြည့်လိုက်ကြလေသည်။
Attdar မှ လွှဲ၍ ။

The End Of The Hate Where stories live. Discover now