Kolar : Thunder . . .

တံခါးပေါက်နားကို ကပ်ကာ လက်ကို လက်ကိုင်ဘုနဲ့ အနည်းငယ်သာ ဝေးထားလိုက်သည်။ ခဏအကြာ သူမလက်ကနေ လျှပ်စစ်တွေထွက်လာပြီး တံခါးလက်ကိုင်ဘုဆီ စီးဆင်းသွားလေသည်။ ခက်တာက တံခါးလက်ကိုင်ဘုမှာလည်း ဒိုင်းရှိနေလေသည်။

Attdar : Kolar အားနည်းနည်းထည့်လိုက်

Attdar့ အသံကြောင့် Kolar အားပိုထည့်လိုက်သည်။ ချက်ချင်းမတ်တပ်ပင် ဒိုင်းပျောက်သွားပြီး လက်ကိုင်ဘုပါ ပျက်သွားလေသည်။

Kolar : ရပြီ

Attdar : ခဏလေး . . . Kolar . . .

ဝင်ဖို့ ပြင်နေသော Kolar့ ခြေလှမ်းတွေ ချက်ချင်း ရပ်တန့်သွားလေသည်။

Attdar : ငါ အရင်ဝင်မယ် ၊ နင်က ဒေါသ မထိန်းနိုင်ဘူးလေ

Kolar : ဟဲ . . .

Attdar : အာ့ဆို သွားကြရအောင်

သူတို့တွေ အကုန် အထဲကို ဝင်သွားလိုက်လေသည်။

သူတို့တွေ လမ်းလျှောက်နေတာ ၁၀ မိနစ်လောက်ပင် ရှိနေပြီဖြစ်သည်။

Yiyar : Attdar . . .

Kolar : သိပ်မူမမှန်ဘူး

E n o : ဒီအခန်းက . . .

E n o နဲ့ Kolar သတိထားနေမိသည်။

Yiyar ကတော့ ကြောက်နေလေသည်။

Attdar : မပြောတော့နဲ့ ၊ တော်တော့ ၊ ရောက်တော့မယ်

Attdar့ အသံကြောင့် သူတို့တွေ စကားပြောနေရာကနေ ရပ်လိုက်ကြသည်။

Attdar : Yiyar မကြောက်နဲ့ ၊ ငါတို့ ရှိတယ်

Yiyar့ ခေါင်းလေးကိုပုတ်ကာ ပြောလိုက်သည်။

သူတို့ ဝင်ဝင်ချင်းပင် အခန်းတံခါးက ပိတ်သွားလေသည်။ အခန်းကလည်း အမှောင်ကျသွားလေသည်။ အခြေအနေကို မသင်္ကာတာကြောင့် သူတို့တွေ တံခါးဖွင့်ဖို့ မကြိုးစားဘဲ လမ်းဆုံးရောက်တဲ့ အထိ လျှောက်နေတာပဲ ဖြစ်သည်။ လမ်းဆုံးရောက်တော့ စိမ်းလန်းစိုပြေနေတဲ့ သစ်တောကြီးကို တွေ့လိုက်ရပြီး အကြီးဆုံးနဲ့ အရိပ်အကျဆုံး အပင်အောက်မှာ သူမတို့ စားပွဲခုံနဲ့ ထိုင်ခုံတွေကို တွေ့လိုက်ရလေသည်။

The End Of The Hate Where stories live. Discover now