Prologue (first impression)

12.2K 785 57
                                    

( Zaw Gyi - Version)

ကံကြမ္မာကလည်း ခပ်ဆန်းဆန်းရယ်

ဘဝဆိုတာမျိုးကလည်းစာရေးဆရာဆိုတဲ့ဟိုလူကြီးပြောသလိုပဲ
ခံစားတတ်သူတွေအတွက် အလွမ်းဇာတ်ဖြစ်ပြီး
တွေးတောတတ်သူတွေအတွက် ရယ်ရွှင်ဖွယ်ဇာတ်လမ်းဆိုတာမျိုးလေ...

Byun BaekHyun...
စံပြကျောင်းသား
အူကြောင်ကြောင်...
အထက်တန်းတုန်းကဆိုတကျောင်းလုံးမှာfirstမရရင်ဖြင့် သူ့ဘဝကြီးစောက်ထိုးမိုးမျှော်ဖြစ်တော့မဲ့အတိုင်းတွေးထားတဲ့သူ...
ကြောက်စရာကောင်းလောက်အောင်ပဲ
မျက်လုံးနှစ်လုံးပွင့်တဲ့ချိန်ကနေ ညအိပ်တဲ့အချိန်ထိ စာကျက်တယ် ...
အခုတော့အထက်တန်းကိုအမြင့်ဆုံးအမှတ်နဲ့အောင်ပြီးဥပဒေကျောင်းသားဖြစ်နေလေရဲ့...
သူ့အဖေကတော့ဆိုးလ်မြို့ရဲ့ထိပ်တန်းလူချမ်းသာစာရင်းကနံပါတ်3နေရာမှာနေရာယူထားတယ်
သူ့ခေတ်မှာတော့ဘယ်သူနဲ့ပြိုင်ပြိုင်BaekHyunက ပြိုင်စံရှားစာအတော်ဆုံးကျောင်းသား...

OhSeHun...
ဂျစ်ကန်ကန်တဇွတ်ထိုးကောင်လေး...
ခေတ်ကာလဗန်းစကားနဲ့ကင်ပွန်းတပ်ရရင် သူကအကောင်သားသမီးပေါ့...
သူ့အဖေကဆိုးလ်မြို့ကိုခါးစောင်းတင်ထားတဲ့ဝန်ကြီး
သူစိတ်ဝင်စားတာ?...
သီချင်းဖွင့်ပြီး ကခုန်နေရရင် ဘယ်အရပ်ဘယ်ဒေသမှာပဲဖြစ်ဖြစ်...သူ့အတွက်နိဗ္ဗာန်ပဲ
သူစိတ်မဝင်စားဆုံးကတော့ ကျောင်းစာပဲ
ပြောမဲ့သာပြောရတာ
ဆိုးလ်မြို့ကိုစိတ်တိုင်းကျစီရင်နိုင်လောက်အောင်ဦးနှောက်ပြေးတဲ့လူကြီးကိုအဖေတော်ထားတာဆိုတော့သူ့IQကလည်းတော်ရုံတော့ဘယ်ဟုတ်မလဲ...
SeHunက စိတ်မပါရင်သာစာလုံးလုံးမလုပ်တာ...
အာရုံစိုက်လိုက်ရင်ဘယ်လောက်ခက်ခဲတဲ့သင်ခန်းစာဖြစ်ဖြစ် နာရီဝက်ထက်ပိုမကြာအောင်မှတ်သားနိုင်တယ်...
ဒီလိုနဲ့အထက်တန်းနောက်ဆုံးနှစ်အထိရောက်လာလေရဲ့
ခက်တာကသူ့ဟာသူဘယ်လိုပဲမှတ်နိုင်ပါစေ...
လက်ရှိမှာတော့...သူ့အဆင့်ကတစ်တန်းလုံးရဲ့နောက်ဆုံး...
ပိုပြီးပြည့်စုံအောင်ဖြည့်စွက်ရရင်ဖြင့် တကျောင်းလုံးရဲ့နောက်ဆုံးဆိုပါတော့...
ဝန်ကြီးကတော်လည်း
စံပြကျောင်းသားအဖြစ်နာမည်ကြီးတဲ့Byun Baekhyunကို သူ့သားရဲ့Guideလုပ်ဖို့ ခင်ပွန်းသည်ရဲ့ဗီတိုအာဏာကိုအသုံးချပြီး ငှားရမ်းခဲ့သည်ဆိုပါတော့...

What if [Completed]Where stories live. Discover now