ပြီး​တော့ ​ဖေ​ဖေကို ​ခေါ်ကာ သူတို့ အိမ်​သို့ သွားခဲ့သည်​ ....

~~~~~~

သူတို့အိမ်​​ရောက်​​တော့ တီ​လေးကို နှုတ်​ဆက်​ပြီး ​ဖေ​ဖေနဲ့ တီ​လေး စကား​ပြော​နေတုန်း သူမ သူ့ကို လက်​တို့ပြီး ​​အပြင်​ထွက်​ခဲ့ဖို့ ​ခေါ်လိုက်​သည်​ ..

သူက သူမ​နောက်​က​နေ လိုက်​လာပြီး .
'
'ဘာလဲ '

'အခန်းက ဘယ်​မှာလဲ ကျွန်​မ အိတ်​​တွေ ထားရဦးမယ်​ '

'ပူမ​နေနဲ့ မင်းအိတ်​​တွေ ငါ့အခန်းထဲ ​ရောက်​သွားပြီ '

'ဘယ်​သူ သယ်​သွားတာလဲ '

'အိမ်​က ​ကောင်​မ​လေး​တွေ ​နေမှာ​ပေါ့ '

'အင်း ပြီးတာပဲ '

သူမ ​ပြောပြီး လှည့်​ထွက်​လိုက်​​တော့ သူက သူမ လက်​တစ်​ဖက်​ကို လှမ်းဆွဲလိုက်​သည်​ ..

သူဆွဲလိုက်​တဲ့ အရှိန်​နဲ့ အရှိန်​လွန်​ပြီး သူ့ရင်​ခွင်​ထဲ တန်းခနဲ ...

'အို .. ရှင်​ ဘယ်​လိုလုပ်​လိုက်​တာလဲ '

'​မငိး ​ပြောပြီးတာနဲ့ ထွက်​သွားရသလားး ငါလဲ ​ပြောစရာ ရှိ​နေ​သေးတာကို '

'ကဲ ​ပြော '

'မသိ​တော့ဘူး ​မေ့သွားပြီ '

ပြောပြီး ထွက်​သွားတဲ့ သူ့​ကျောပြင်​ကို ကြည့်​ပြီး လှမ်းထုချင်​စိတ်​ကို မနည်းထိန်းလိုက်​ရသည်​ ....

ထုချလိုက်​လျှင်​ ​ကျောက်​ကပ်​​ကြွေကျသွားမယ်​ .. ဟွန်းးး ဘာမှတ်​​နေလဲ ..

လူကို အသားယူပြီး ဖက်​လိုက်​​သေးတယ်​ ..

နှာဘူးကြီး Zhang YiXing ....

~~~~~~~~~

သူမ ​ဖေ​ဖေ့ကို သူတို့ ​ပေးတဲ့အခန်းထဲမှာ ​သေချာ လုပ်​​ပေးလိုက်​ပြီး ​ဖေ​ဖေ အိပ်​​ပျော်​သွားတယ်​ဆိုမှ အခန်းထဲက ထွက်​ခဲ့သည်​ ...

ဒီ​နေ့​တော့ သူမ သူ့အခန်းထဲ သွားအိပ်​ရမှာ .. ဘယ်​လို အိပ်​ရမလဲ မသိ .. လူအမြင်​မှာ လင်​မယား​ပေမယ့်​ သူမစိတ်​ထဲမှာ​တော့ သူက သူစိမ်းတစ်​​ယောက်​သာ ....

My Beloved Lady Where stories live. Discover now