Ep.1

22.5K 1.4K 78
                                    

"Byun baek hyun!! အခုချက်​ချင်းရုံးခန်း
ကိုလာခဲ့"

"​ဟေ့​ကောင်​!! မင်းကိုရုံးခန်းသွားဖို့​ပြော​နေတာ​လေ.."

Baek hyun နှုတ်​ခမ်းထပ်​တို့မှမထီမမြင်​အပြုံး​တစ်​ခုကိုဖန်​ဆင်းလိုက်​သည်​...

Lollipopတစ်​ခုကိုပါးစပ်​ထဲသို့ထည့်​လိုက်​သည်
ပါးတစ်​ဖက်​ခြမ်းက lollipop ​ကြောင့်​​ဖေါင်း​နေသည်​...

Baek hyun မတ်​တပ်​ရပ်​လိုက်​ကာ ​ခြေ​ထောက်
တစ်​ဖက်​ကိုထိုင်​ခုံ​ပေါ်တွင်​တင်​လိုက်​ကာ စီး​ထား​သော Shoe ဖိနပ်​ကြိုးကိုပြန်​ပြင်​ချည်​​နေသည်​...

တစ်​ဖက်​ပြီး​တော့​နောက်​တစ်​ဖက်​....

Baek hyun ရဲ့လုပ်​ရက်​​ကြောင့်​ အ​ရှေ့မှဆရာ
တော်​​တော်​​ဒေါသထွက်​​နေ​လေပြီ...

စားပွဲခုံတွင်​တင်​ထား​သော ​ကျောပိုးအိတ်​ကို
ဘေးတစ်​​စောင်းလွယ်​လိုက်​ကာ

အ​ရှေ့တွင်​သူ့ကိုရပ်​ကြည့်​​နေ​သောဆရာအ​​ရှေ့
တည့်​တည့်​ရပ်​လိုက်​ပြီး အရိုအ​သေ​ပေးလိုက်​ကာ

"သွားပြီ.."

"​အေးရတယ်​..baek hyun မင်းဒီစာသင်​ခန်းက​နေတစ်​လှမ်းထွက်​သွားကြည့်​ မင်း​ကို​ကျောင်းထုတ်​ပစ်​မယ်​..​ကျောင်းကမင်းတို့လို​ကောင်​​တွေအတွက်​​နေရာမ​ပေးဘူးကွ.."

ဆရာကသာ​ပြော​နေတာ baek hyun ကစာသင်​ခန်းအ​ပေါက်​ဝနားပင်​​ရောက်​​နေ​လေပြီ...

"ဆရာသ​ဘော...​ကျောင်းထွက်​ဆိုလည်းထွက်​တာ​ပေါ့...ပို​​တောင်​လွတ်​လပ်​​သေး...Hak.."

"Byun baek hyun!!!"

________________________

Byun baek hyun
Age-18
Shin Gu ​ကျောင်း
တန်းခွဲ-ရှိသမျှအခန်းတွင်​အညံ့ဆုံး အဆိုးဆုံးဟု
သတ်​မှတ်​ခံထားရ​သော H ခန်း

အဆိုးဆုံးထဲမှာမှ အဆိုးတကအဆိုးဆုံး
ဟူ၍ အမည်​တွင်​​လေ​သော Byun baek hyun...

အခုလည်း ​ကျောပိုးအိတ်​တစ်​လုံးနှင့်​ ပါးစပ်​ကလည်း lollipop တစ်​ခုနှင့်​ ခြေဦးတည်​ရာ​လျှောက်​သွား​နေ​လေသည်​...

Side Effect (Completed)Where stories live. Discover now