Part-1

10.5K 634 11
                                    

ကျွန်တော် အဲလူကြီးအကြောင်း အတင်းပြောပါရစေ ...
ဘယ်သူလဲလို့ မမေးနဲ့... ခဏနေ ခင်ဗျား သိလာလိမ့်မယ်... ခုလောလောဆယ် ကျွန်တော် အရမ်းပေါက်ကွဲချင်နေတယ် ><

"ဟာ... ခင်ဗျားကြီး ခုချက်ချင်း ကားရပ်လိုက်စမ်း။ ရားးးး ပြောနေတယ်လေ။ ရပ်ဆို ခုချက်ချင်းရပ်။"

ပါးစပ်ပေါက် ဆယ်ပေါက်နဲ့ ပြောတောင် သူက ရပ်မယ့်ပုံမပေါ်... ကျွန်တော် ဒီလောက်တောင် လော်စပီကာအသံလောက်နီးနီးကျယ်အောင် ပြောလည်း တုတ်တုတ်မျှ မလှုပ် ><
တောက်!!! အာ့တာတေ စိတ်ကုန်ဖို့ ကောင်းတာ

"Yarrr!!! ခင်ဗျားမရပ်ရင် ကျွန်တော် ခုကားပေါ်က ခုန်ဆင်းလိုက်မှာနော်"

အဟက်... အဲလို ခြိမ်းခြောက်ပြောလိုက်တော့ ကျွန်တော့်ကို မျက်မှောင်ကျုတ်ပီး လှည့်ကြည့် လာတယ်လေ။ ပီးတော့ ဘာပြောတယ်မှတ်လဲ...

"အော် Yeol ကလည်း ကားလမ်းဘေးကို ကြည့်လိုက်အုံး... အနီစင်းတေရှိနေတာ ကိုယ်က ကားဘယ်လိုရပ်လို့ ရမှာလဲ"

အေးအေးလူလူနဲ့ ပြန်ပြောလာတဲ့ ဒင်းကြီးကို နှုတ်၂စင်းပီး နေလှမ်းပစ်ချင်တာ ><
အော် ဒါနဲ့ ကျွန်တော့်နာမည်က Park Chan Yeol လို့ ခေါ်ပါတယ် ^^
အသက်က ၁၈နှစ်ဗျ ဟဲဟဲ

ကဲ ပြန်ဆက်မယ် xD
အဲလူကြီးကလေ ကျွန်တော့်ချစ်သူ အရင်းခေါက်၂ ကြီးဗျ ><
သိပ်စိတ်ကုန်ဖို့ကောင်းတဲ့ အဘိုးကြီး :3
အရိပ်သုံးပါးနားမလည်တဲ့ ဘိုးတော် :3
အရာရာမှာ အေး၂ဆေး၂ နဲ့ နေတတ်လွန်းသူ
မပွင့်တပွင့်လေသံပိုင်ရှင်
သူပဲသိ သူပဲတတ်တဲ့ အထာနဲ့ ပေါကြောင်၂လူကြီး
ခန္တီပါရမီတော့ အပြည့်ရှိသား :/
ဒါမယ့် အဲတာကလည်း ကျွန်တော်နဲ့အတူ ရှိနေမှ ပါလေ ><
ကျွန်တော့်မျက်စိထဲ အမြဲကန့်လန့်ပဲ ဒါတောင် ငါဘာကြည့်ကြိုက်ခဲ့ပါလိမ့် xD
အို... ဒါလည်း နောက်တော့ ခင်ဗျားတို့ သိရမှာပေါ့

ပြောရအုံးမယ် သူ့ရဲ့ ကောင်းသတင်းလေး... ကိုယ့်ချစ်သူဆိုတော့လည်း ကိုယ့်ငါးချဉ် ကိုယ်ပဲ ချဉ်ရမှာပေါ့နော့်...
ကျွန်တော့်ချစ်သူက ရုပ်စပေါ အုပ်ချော >< အယ် ယောင်လို့ ဥစ္စာပေါ ရုပ်ချော (ကောင်းကွက်ကို တခါမှတောင် ထုတ်မပြောဖူး တော့ မှားကုန်တယ်ရော ><)
တခါမှ အကောင်းမမြင်တာပါဆို :3
ထားပါလေ...

တကယ်ပြောတာ မယုံမရှိနဲ့ ကျွန်တော့်ချစ်သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီအို >< ပြောမိပြန်ပီ
နှင်းဆီခိုင်လို့ ပြောတာ xD
အသက်ကလား ဖင်ဆောက်တော့မယ် ><
သုံးဆယ် :3

အယ်... အသက်ကလည်း ကွာလိုက်တာလို့ မပြောနဲ့။ အချစ်မှာ အသက်မရှိဘူး နားလည်လား။

ကိုယ်က သူ့ကို အရမ်းမတရားစိတ်တေတိုပီး လုံးဝပေါက်ကွဲလည်း ထွက်ပီးတာတောင် ကိုယ့်ကို သူက ပြုံး၂ကြီးပဲ ကြည့်နေပီး အေး၂လူ၂ မပွင့်တပွင့် သာ စကားပြန်ပြောရင် ><
ကဲ... ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုခံစားရမလဲ

ကျွန်တော်ဆို အသဲထဲထိ လှိုက်အောင် ခံပြင်းတယ် သောက်မြင်ကတ်တယ် :3
ပီးတော့ ကျွန်တော်ပဲ အလျှော့ပေး ငြိမ်ခံ လိုက်ရ တယ်ဗျာ ㅠㅠ မတရားဘူးနော့်
အမြဲ တခွန်းတော့ ပြန်ပြောလိုက်တယ် ...

"အာ့လောက် လက်ပေါက်ကပ်တဲ့ ခင်ဗျားကြီးကို ကျွန်တော်ဘာကြည့်ကြိုက်ခဲ့မှန်း မသိဘူး အမြင်ကတ်တယ် >< "

I'm officially 18 #Completed# Where stories live. Discover now