" အော်..ဟုတ်သား ပေါက်တက်ကရ....။
သူတို့ပေါက်တက်ကရလုပ်တာကိုမြင်နေရရင်
တားလို့ရသေးတယ်မလား...။
ကျောင်းအုပ်မျက်ကွယ်မှာဆို သူတို့မွှေတာတွေ
ကို ကျောင်းအုပ်မမြင်တော့မထိန်းနိုင်ဘူးလေ။
အဲ့တာမှပိုတာဝန်ကြီးတာမဟုတ်ဘူးလား.."

ကျောင်းအုပ် နည်းနည်းတော့တွေသွားသည်။
သည်လိုစဉ်းစားကြည့်လိုက်တော့လည်း
ဟုတ်ပေသားပဲ...။
ကဲပါ...ဖြစ်သမျှအကြောင်း အကောင်းမှတ်လိုက်
တာပေါ့...။ပြတင်းပေါက်လိုက်ကာနားကနေ
ကျောင်းဝင်းထဲကြည့်လိုက်တော့...
အမယ်လေးလေး...
ဟို12ယောက်ပျော်နေလိုက်ကြတာ..
ကားကြီးနားမှာ လူးလွင့်လို့...။

ဟူး...မနက်စောစော သက်ပြင်းမောကိုချလိုက်
ပြီး ရုံးခန်းထဲကထွက်ကာ ကျောင်းဝင်းထဲဆင်း
လာခဲ့လိုက်သည်။
ကျောင်းဝင်းထဲက ကားကြီးတွေနားရောက်
ရောက်ခြင်း မြင်လိုက်ရသည်က.........
....
....
....

•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•°'•°'

ကားတွေနားရပ်ကာ စုရုံးစုရုံးလုပ်နေသော
ကျောင်းသားကျောင်းသူများ...။
ထွက်ချိန်ရောက်နေတာတောင် ကားပေါ်မတက်
သေးဘဲ ဘာရပ်လုပ်နေကြသည်တဲ့လဲ???
အတွေးနဲ့ ခြေလှမ်းကိုအရှိန်မြှင့်တင်လိုက်ရင်း
သူတို့အနား ကျောင်းအုပ်အပြေးသွားလိုက်
သည်။

"ဟေးဟေး...ဘာရပ်လုပ်နေကြတာလဲ???
ကားပေါ်တက်ကြတော့လေ..."

ကျောင်းအုပ်အမေးကို အနားက ကျောင်းသား
တစ်ယောက်က မျက်နှာငယ်လေးဖြင့်
"မတက်...မတက်ရဲဘူး"တဲ့...။
နေပါဦး...ဒီကား သရဲခြောက်တယ်လို့လဲ
မကြားဖူးပါဘူး...။
ဘာဖြစ်လို့လဲ...။

မေးနေရင်ကြာနေမှာမို့ ကျောင်းအုပ်ကိုယ်တိုင်ပဲ
ကားပေါ်တက်ကြည့်လိုက်တော့...
မြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး...
အင်း...ကျောင်းသူကျောင်းသားတွေ
တက်ရမှာကြောက်တယ်ဆိုလဲ ကြောက်ချင်
စရာပါပဲလို့တွေးလိုက်မိသည်။

ကြည့်...ကြည့်လေ...
{ဒါ..သက်သက် ကျောင်းအုပ်...Readerတွေကို
ရန်စတာ...
ကြည့်လို့မရတာ သိနေသားနဲ့ကို...}

အဲ...အဲ့ဆိုလဲ...ဖတ်...ဖတ်လေပေါ့နော်...

ဟိုဆယ့်နှစ်ယောက်က...ကားပေါ်မှာနေရာ
အသင့်ယူထားကြပြီးသား...။
သူတို့လည်းဒီကားနဲ့လိုက်မှာပဲမို့ နေရာယူထား
ကြတာ မဆန်းပေမယ့်...
ဆန်းနေတာက...တစ်ယောက်တစ်ကွဲပြားစီ
နေရာယူထားကြတာပါပဲ...။
12ယောက်ရှိတာကို တစ်တန်းတစ်ယောက်စီ
နေရာယူထားတော့...
ကားကြီးဘယ်လောက်ကြီးကြီး ကျန်ကျောင်းသူ
ကျောင်းသားတွေ သူတို့နဲ့အတူတွဲထိုင်ရတော့
မှာပေါ့...။
ဒီခရီးစဉ်အရှည်ကြီးတစ်လျှောက်လုံးကို
ဘယ်သူက ဒီအမွှေလေးတွေနဲ့ စိတ်ချလက်ချ
တွဲထိုင်လာရဲမည်တဲ့လဲ???
သူတို့နဲ့မထိုင်ချင်ပြန်ရင်လည်း ကားခေါင်မိုးပေါ်
ကနေပဲ လိုက်ရုံကျန်တော့တယ်...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now