"Baek ပြန်တော့ကွာ..."
"မပြန်ဘူး..."
Baek pov-
ကျတော့်ကို သူ့ဆေးရုံအခန်းထဲကအတင်းနှင်လွှတ်နေတယ်...
ဘာလို့လဲ...
ကျတော်နားမလည်ဘူး...
လူတိုင်းကိုယ်ချစ်သူ့ဘေးနားမှာရှိနေရင်
ခံစားနေရတဲ့ဝေဒနာတစ်ဝက်လျော့တယ်လို့ကြား
ဖူးတယ်...Chan yeol အတွက်ကျတော်ကအဲ့လိုမဟုတ်ဘူးလား...
ကျတော်သူ့ဘေးနားမှာရှိနေတာက သူ့ကိုပိုပြီး
အနေရခက်စေပြီး စိတ်ကျဉ်းကျပ်စေနေတာလား..ဘာပဲဖြစ်ဖြစ် ကျတော်ကတော့သူ့အနားကနေ
တစ်ဖဝါးမှာခွာမည်မဟုတ်..."အ...အား....အ..."
"Yeol..ဘာဖြစ်လို့လဲ...chan yeol ah..ခဏ..
ငါဆရာဝန်ခေါ်လိုက်မယ်...""ဟင်း...baek မင်း...ထွက်သွားပါ....ထွက်သွား..
အား...အ..."Chan yeol
အောက်နှုတ်ခမ်းပါးကိုအပေါ်သွားနှင့်ကိုက်ထားကာ အံ့ကြိတ်နေရင်း ပြောတဲ့စကားက..Baek hyun ကိုထွက်သွားရန်....
ခင်းထားသော အဖြူရောင်အိပ်ယာခင်းတို့က
Chan yeol ၏ လက်နှစ်ဖက် ဆုတ်ကိုင်ချေမှုတို့ကြောင့်ကြေမွနေလေပြီ....အောက်နှုတ်ခမ်း မှာလည်းဖိကိုက်ထားမှုကြောင့်
သွေးစို့နေလေပြီ...Chan yeol ဘယ်လောက်နာကျင်နေရလဲဆိုတာ
Baek hyun ခံစားသိရှိလေသည်...
Baek hyun မျက်ဝန်းမှမျက်ရည်များဝဲတက်လာသောကြောင့်မြင်ကွင်းတို့ကဝါးနေသည်...
Baek hyun ပါးစပ်တို့ကိုလက်ဖြင့်အုပ်ကာ
ငိုသံမထွက်ကြိတ်ငိုနေမိသည်..."Byun baek hyun မင်းငါပြောတာမကြား ဘူးလား... မင်းကိုထွက်သွားလို့ပြောနေတယ်!!"
Chan yeol ၏ အက်ကွဲကွဲအသံကြောင့်
Baek hyun တစ်ချက်တုန်တက်သွားကာ
အလျင်မြန်ဆုံးခြေလှမ်းများဖြင့် အခန်းအပြင်ကိုပြေးထွက်လာမိသည်...