As always

1.8K 264 115
                                    

မိုးရာသီ ဆိုတာ..ပူ​ဆွေးစရာလွမ်းဆွတ်​စရာမရှိတဲ့
လူ​တွေကို​တောင်​ လွမ်း​ဆွေးခြင်း​တွေခံစားရ​စေတာ.
ပူ​ဆွေးမှုရှိတဲ့လူ​တွေအတွက်​​ဆိုရင်
အဆိုးဆုံးရာသီဥတုကြီးပါပဲ..

မားမာမရှိ​တော့ဘူးဆိုတဲ့ကျွန်​မတို့မိသားစုထဲက
ကွက်​လပ်​ကြီးကိုဆိုပိုလို့​တောင်​..
သိသာစွာမိုး​ရေစက်​​တွေက​နေ့တိုင်းး
အသိ​ပေး​နေ​လေရဲ့...

တစ်​လ​ကျော်​ပြီးလို့နှစ်​လထဲ​ရောက်​​နေတာ​တောင်
ပါ့ပါကအရင်​လိုမပြုံး​နိုင်​​သေးဘူး...
အချိန်​ရှိ​သ​ရွေ့အမှုကိစ္စကိုပဲ
သည်းကြီးမည်းကြီး​ဖော်ထုတ်ဖို့ ​​ကြိုးစား​နေတယ်​..
သူ​ပြော​ပြော​နေတဲ့လူသတ်​တရားခံ..

ကျွန်​မက​တော့
ဒီလိုအဖြစ်​ဆိုးမျိုးကြီးကိုလက်​မခံချင်​ဘူး
မားမာကိုဘယ်​သူကသတ်​ရမှာလဲ..
သူမဟာလူချစ်​လူခင်​များတဲ့အမျိုးသမီး..

ဒါ​ပေမယ့်​ ကျွန်​မရဲ့အ​ဖေဟာ..
အမှုမှန်​​ပေါ်လာရင်​ပဲ
မားမာပြန်​ရှင်​လာ​တော့မလို
တက်​ကြွစွာ​ရှေ့​နေ​တွေနဲ့​ဆွေး​နွေးတယ်​..
သက်​​သေ​တွေ..ကားကိုစစ်​​ဆေးကြည့်​တာ​တွေ
ဂျီဆန်​က​နေဆိုးလ်​တ​လျှောက်​ CCTV​တွေ..

နေ့စဉ်​နဲ့အမျှသက်​​သေ​တွေနဲ့ပတ်​သတ်​ပြီးငြင်းခုံတယ်
သူ့အထင်​​တွေနဲ့စွပ်​စွဲတယ်​..

ကျမမယုံချင်​​နေတဲ့ကြားကကိုတ​နေ့ထက်​တ​နေ့
မသင်္ကာစရာ​တွေပိုပိုတိုးလာတယ်

ဂျီဆန်​ နဲ့ဆိုးလ်​ကြားက
CCTV​တွေအကုန်​ဖျက်​ခံရတယ်
မားမာရဲ့ကားကဘရိတ်​မ​ပေါက်​ဘူး..
ကားကိုစစ်​​ဆေးရသ​လောက်​ဆိုရင်
သူမဟာပုံမှန်​ပဲ
မောင်းလာခဲ့တာ..အရှိန်​လည်း​မများဘူး
ပိုပြီးမသင်္ကာစရာတခုက
ရုံးချုပ်​ကအမှုကိုပိတ်​လိုက်​ဖို့ပါ့ပါကိုမကြာခဏ
တိုက်​တွန်းတာပါပဲ
~~~~~~~~~~~~~~~~

နှုတ်​ခမ်း​မွေးရိတ်​ဖို့​တောင်
မေ့​နေတတ်​ပြီဖြစ်​တဲ့ပါ့ပါဟာ..
ညဆိုလည်းဘယ်​​တော့မှမအိပ်​ပဲ
ကွန်​ပြူတာ​ရှေ့ကမခွာအလုပ်​​တွေလုပ်​တယ်​..

Three hearts..Two loves..One destiny..Where stories live. Discover now