မဖြစ်..မဖြစ်...သိပ်မကြာခင် သူ့ရပ်ကွက်ရုံးက
စာအုပ်တွေ ပရုပ်လုံးဖြစ်လာနိုင်သည်ကိုတွေး
လိုက်မိသော ရပ်ကွက်လူကြီးက..." ဟို...Kris...Wu Yi-Fan...!!!"
ခပ်အေးအေးအကြည့်တစ်ချက်က စူးခနဲလွှင့်
လာသည်။သူ့ကိုယ်သူ အက်ရှင်မင်းသားများ
မှတ်နေလေရော့သလား...။
ရပ်ကွက်လူကြီး တံတွေးကိုတစ်ချက်မြိုချလိုက်
ပြီး..." စောနကလေ မင်းဖြဲလိုက်တဲ့စာအုပ်က ဘာ
စာအုပ်လဲ???"Kris..ပစ်ချထားသော စာအုပ်လေးကိုပြန်
ကောက်ကြည့်ကာ...ခေါင်းစဉ်ကိုပြူးပြဲဖတ်နေ
သည်။
တော်တော်ကြာမှ...
သဘောပေါက်သွားဟန်ဖြင့်..." အာ...'စာရင်း'တဲ့..."
အမလေး...2လုံးတည်းသောစကားလုံးလေး
ကြားရဖို့အရေး...မြေမြိုခံရမတတ်စောင့်နေရ
တယ်။
စာရင်းတဲ့လား...." ဟိုက်!!!"
သေစမ်း...မနည်းအားစိုက်လုပ်ထားရတဲ့
စာရင်းအင်းတွေ...။"ဟဲ့ဟဲ့..Tao...Tao..လက်ထဲက စာရွက်လေး
ကိုပြန်ချလိုက်ပါနော်။
ဒီမှာ..ရော့ရော့ ဆော့ချင်သပဆို ဒါလေးနဲ့
ဆော့နော်။"မတတ်နိုင်တော့...အနားကစက္ကူအဖြူလေး
တစ်ရွက်ကို မသက်မသာလှမ်းပေးလိုက်ရသည်။
ဒီတော့မှ ဟိုပန်ဒါကလည်း သူ့လက်ထဲက
စာရင်းစာရွက်လေးကို..ကြည်ကြည်ဖြူဖြူပြန်
ချပေးတော့သည်။
နို့မို့ကတော့...သေမင်းလာတောင်းတောင်
သူသာလိုက်သွားမယ်...စာရွက်တော့အပါမခံ
နိုင်ဘူးဆိုတဲ့ မျက်နှာထားနဲ့...။
အဲ...နေပါဦး ဒါဆို ခုဏကအဲ့ကောင်လေးကိုင်
လာတဲ့စာရွက်ကရော...ဒီကပဲဖြဲလိုက်တာတဲ့
လား...။သေချာအောင်မေးကြည့်မှပါပဲလေ..။" Tao..Tao ah... "
အိုလံပစ်ရွှေဆုရအားကစားသမားတစ်ယောက်
လို စာရွက်ကို အားကြိုးမာန်တက်ခေါက်နေသော
Taoက မော့ကြည့်လာသည်။"ဟို...ခုဏLuhanလုသွားတဲ့ စာရွက်ကလေ...
အဲ့တာ မင်းဘယ်ကယူလာတာလဲ???
အိမ်ကလား???"သူ့မေးခွန်းကြောင့် Taoက Luhanနဲ့ မလှမ်း
မကမ်းမှာ ကျနေသော လေတံခွန်လေးကို
ကြည့်ကာ...
ကျေးဂျူးပြု၍...
Start from the beginning