ဆုပွဲ...

Start from the beginning
                                    

"ဟမ်...0_၀ "

Troller ဘဝကိုနေ့ချင်းညချင်းကိုရောက်သွား
တာပါပဲလား။

" ရိုးရိုးပြောလည်းဒီစကားပဲဆိုတာ
Xiu Hyung သိရင်သိပ်ကောင်းမှာပဲ..."

" ခပ်ဆန်းဆန်းပြောတတ်တာလဲ
ဗဟုသုတတစ်မျိုးဆိုတာ ခညားလေးတို့နား
လည်ရင် သိပ်ဝမ်းသာမိမှာပါပဲ..။
သွားလက်အျူးမျယ် သက်လား..."

ပြောပြောဆိုဆို လှည့်ထွက်သွားသော Xiumin
ကျောပြင်ကိုကြည့်ကာ Baekhyun..
မမေ့မလျော့လှမ်းအော်လိုက်သည်။

" Hyung...ဘောကန်မလား..."

အော်...ဘောလုံးလို့စကားကိုအပြည့်အစုံပြောလိုက်ရင် ကမ္ဘာပေါ်က Linerတွေကုန်သွား တော့မယ့်အတိုင်းပဲ...။

" ဘော...ဘောလုံးလား...တယ် ငနာလေးက
တော့..."

"မကန်ချင်ဘူးလားဟင်...ကျွန်တော်ပျင်းနေ
လို့ပါ..."

"ဘာလို့မကန်ရမှာလဲ...။
သွားစို့ ကန်ကြစို့..."

အော်...ကြားရသမျှ နားဝဝယ် အဆန်းတွေ
ချည်းပဲ...။
ဝင်လာကတည်းက နှစ်ယောက်သားအပြန်
အလှန်စကားများနေတာကို...ကြားထဲက
နားထောင်နေရတဲ့ Suhoတောင်...
ပူသထက်ပူ...ပူသထက်ပူလာသလိုပဲ...။

" မင်းကဘာရပ်ကြည့်နေတာလဲ???
သွားမယ်လေ...ဘောလုံးကန်စို့..."

" ဗျာ...ကျွန်တော်..ကျွန်တော်ရောလား!!!
ဒီလောက်ပူနေတာ ကျွန်တော့်အသားတွေမဲ
ကုန်မှာပေါ့.."

"အမယ်...အဲ့တာဆို Layအတွက်နဲ့ ခေါင်းအုံး
ကိုနေပူထဲထွက်ဝယ်ပေးရတာကရော..."

"ဒါ...ဒါကတော့..."

" ဟိုးတနေ့ကလဲ Layက အိပ်ချင်မူးတူးနဲ့
ကျောင်းဝင်းထဲက ချယ်ရီရွက်တွေလိုချင်တယ်
ဆိုလို့ အတန်းထဲက ပြေးထွက်ခူးတာကျတော့
ရော..."

"အဲ...အဲ့တာကလည်း..."

" ထပ်ပြောလိုက်ဦးမယ်...။
Layမျက်လုံးကမှေးမှေးနေလို့ ကုလားအုတ်နဲ့
တူတယ်ပြောကြတော့...
သူက ကုလားအုတ်ဆို ငါက အိုအေစစ်ဆိုပီး
ကမူးရူးတိုးနဲ့ နေပူထဲထွက်ရပ်နေတာကရော.."

" သွားမယ်...သွားမယ်...
ဘောလုံးကန်မှာမလား သွားကြစို့။နောက်မှ
ဆေးရုံအလည်သွားရလည်း သွားရပါစေတော့။
ကန်ကြစို့...Let's Go!!!"

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now