Dear Gentleman.......

Magsimula sa umpisa
                                    

ဘုရားသခင်...။ မျက်ခုံးတွေ မြင့်တက်သွားသည်အထိ ..နှလုံးသွေးတွေ ဆတ်ခနဲ ဆောင့်တက်သွားသည် အထိ သူ အံ့သြသွားရသည်..။

( ခင်ဗျားကို ဘယ်သူ့ကိုမှ မပေးလိုက်ချင်ဘူး ... )

Video ရိုက်ရင်း ပြောနေတာတောင် ရှက်နေသော မျက်နှာလေးကို သူ ငေးမောကြည့်လိုက်သည်။..
အဲ့ဒီစကားကို အဲ့ဒီအချိန်က ဘာဖြစ်လို့ မပြောခဲ့သလဲ..။

" ခင်ဗျားကိုလေ... အားလဲနာတယ် ....
မုန်းလဲမုန်းတယ် ... Wu Yifan ....
လက်မထပ်ချင်ရင် ကျွန်တော့်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါလား .... ဘာဖြစ်လို့ ကတိ ကတိ ဆိုတဲ့ စကားနဲ့... "

ကိုယ် လက်မထပ်ချင်ခဲ့ဘူးလို့ ဘာဖြစ်လို့များ တစ်ဖက်သတ်ဆန်ဆန် စွပ်စွဲနေရတာလဲ...။

" ကျွန်တော် ဝန်ခံတယ်... ဟုတ်တယ် .. ခင်ဗျားအပေါ် ခံစားချက် နည်းနည်း..ရှိတယ်... အဲ့ဒါလဲ ခင်ဗျား အပြစ်တွေ.... ဘာဖြစ်လို့ ကျွန်တော့်ကို စိတ်ထဲက တကယ်ပါသလိုနဲ့... ကျွန်တော့်အနားရှိနေရတာပဲ.. ပျော်ရွှင်နေခဲ့သလိုနဲ့... ဟန်ဆောင်ခဲ့လဲ... "

ဘုရားစူး..။ ကလေး...မင်းဘေးမှာ ရှိနေသမျှ ကာလပတ်လုံး... အပျော်ရွှင်ရဆုံး အချိန်တွေဆိုတာ တစ်ချိန်ချိန်တော့ ကိုယ် ရှင်းပြချင်ခဲ့တာ...။

" ကျွန်တော် အဲ့ဒီနေ့က သူ့ရဲ့ ဓာတ်ပုံမှန်ဘောင်ကို ကိုင်ရင်း ခင်ဗျား မျက်ရည်တွေ ဝဲနေတာ တွေ့ခဲ့ရတယ်..
ကျွန်တော်လေ... အဟက် ... ဘယ်လို စကားလုံးနဲ့ ဖော်ပြရမှန်းတောင် မသိဘူး.. ထားပါတော့ .. ခင်ဗျား ချစ်တဲ့ သူကို ခင်ဗျား လွမ်းတာပဲ... "

ကိုယ်တို့ကြားက နားလည်မှုတွေ အဲ့လောက် ဆိုးဆိုးဝါးဝါး လွဲချော်နေမယ်မှန်း ကိုယ် ဘယ်တုန်းကမှ မသိခဲ့ရပါလား..။ မင်းပြောတဲ့ အဲ့ဒီ့နေ့ဆိုတာ ဘယ်နေ့မှန်း ကိုယ်မသိဘူး... ။ ယနေ့ထက်ထိ မဝန်ခံရသေးတဲ့ ကိစ္စတစ်ခုထဲမှာ အဲ့ဒီ ဓာတ်ပုံအောက်မှာမင်းဓာတ်ပုံလေးတစ်ပုံရှိနေခဲ့တယ် ဆိုတာပဲ..ကလေး..။

" ကျွန်တော့်ကို ညီတစ်ယောက်လို နွေးနွေးထွေးထွေး ဂရုစိုက်ပေးတာတွေအတွက် တကယ် ကျေးဇူးတင်တယ် Wu Yifan... "

Dear Gentleman .......Tahanan ng mga kuwento. Tumuklas ngayon