Dear Gentleman....

Start from the beginning
                                    

Yifae က ဆေးထိုးအပ်ရာတွေ ဗရပွဖြစ်နေသော လက်ကို အသာမရင်း ကျွန်တော့်ဘက်သို့ လက်လှမ်းလာသည်။ ကျွန်တော် ကြောင်နေတုန်းမှာပဲ သူက ကျွန်တော့်လက်ကို လှမ်းယူရင်း Yifae လက်ထဲကို ထည့်လိုက်သည်။..
အားမရှိသော လက်တို့က ကျွန်တော့်လက်များကို ခပ်ဖွဖွ ဆုပ်ညစ်လိုက်သည်။

တစ်ခုခု ပြောချင်နေပုံရသောအခါ ကျွန်တော် သူမနားသို့ တိုးကပ်လိုက်သည်။

" Ge..Ge ညာ..ပြော.တာမလား.. Lu...Han "

ကျွန်တော် ဘေးရှိ သူ့ကို လှည့်ကြည့်တော့ Yifae ဘာပြောမှန်း ရိပ်မိပုံရပြီး.. မသိမသာ ခေါင်းရမ်းပြသည်။..
သူ့မျက်လုံးတွေ.... ။ ဝမ်းနည်းမှုကို ကြိုးစားထိန်းချုပ်ပြီး ဟန်ဆောင် ပြုံးထားသော ယောကျာ်းတစ်ယောက်ကို ကျွန်တော် ပထမဆုံး မြင်ဖူးခြင်းပဲ...။

ကျွန်တော် သူမဘက် ပြန်လှည့်ကာ ခေါင်းခါပြလိုက်သည်။

" မဟုတ်ပါဘူး... ကျွန်တော် တကယ် Yifae ကို လာကြည့်ချင်ခဲ့တာပါ .."

သူမ တကယ်ကို ကျေနပ်ပျော်ရွှင်သွားသော မျက်ဝန်းများဖြင့် ကျွန်တော့်လက်ကို ကိုင်ထားလျက်က ပြုံးနေသည်။

ဒါဟာ ဘဝမှာ ပထမဆုံးပါပဲ။ ကျွန်တော့် စိတ်ဆန္ဒမပါသော စကားကို အချိုသာဆုံးပြောဖြစ်ခြင်းက လူနာတစ်ယောက်ကို ကိုယ်ချင်းစာခြင်းထက် ကြေကွဲမှုတွေ အတိုင်းအဆမဲ့ ဘောင်ခတ်ထားတဲ့ အဲ့ဒီမျက်ဝန်းတွေကြောင့်ဆိုတာ ဘုရားသခင်များ သိရင် ပြစ်တင်ရှုတ်ချမလားပဲ။

ကျွန်တော် သူမလက်တွေကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ သူ့လောက် နူးညံ့ညင်သာအောင် မပြုံးတတ်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြုံးရင်း

"ကျွန်တော် နေ့တိုင်းလာခဲ့ပြီး Yifae ကို စာဖတ်ပြမယ်နော်.."

သူမ ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြသည်။ အိပ်တော့မည့် ပုံဖြင့် မျက်လွှာများကို မှိတ်ချလိုက်တော့ ကျွန်တော့်လက်တွေကို သူမလက်ထဲက ဆွဲထုတ်ရန် ပြင်သည့်အခါ သူမက လွှတ်မပေးပဲ မျက်လုံးတွေ ပြန်ပွင့်လာရင်း ခေါင်းရမ်းပြသည်။

" Yifae အိပ်ပျော်တဲ့အထိ နေပေးနိုင်မလား Luhan "

သူ့စကားအဆုံး...ကျွန်တော် ခေါင်းညိတ်ရင်း သူမကို ပြန်အိပ်ဖို့ ပြောပြီး အေးစက်စက် သူမ လက်တွေကို ဆက်ပြီး ဆုပ်ကိုင်ထားလိုက်သည်။ စိတ်ချလက်ချရှိသွားဟန်ဖြင့် သူမ မျက်လုံးတွေ ပြန်မှိတ်သွားသည်။

Dear Gentleman .......Where stories live. Discover now