Part...1 (Modification)

51.6K 2.4K 51
                                    

[Zawgyi]

မီးလုံး​လေးတစ်​လုံးတည်းသာ ခပ်​မှိန်​မှိန်​ထွန်းထား
သောအခန်း​လေးထဲတွင်...
စာရိုက်​သံတ​ဂျောက်​​ဂျောက်​က မညီမညာထွက်​​ပေါ်​နေသည်။

စာရိုက်​သံဆိုသည်ထက်​....တိတိကျကျ​ပြောရလျှင်
Laptopတစ်​လုံးတည်းနှင့် Softwareအများကြီး
ကို ကျွမ်းကျွမ်းကျင်​ကျင်​ကစား​နေတာဟုပြောရမည်။

Enterခလုတ်​​လေးကို ​ဂျောက်​ခနဲနှိပ်​လိုက်​အပြီးတွင် အပြုံး​လေးတစ်​ပွင့်​သူ့မျက်​နှာ​ပေါ် ​တောက်​ပစွာဖြစ်​​ပေါ် လာ​လေ၏....။

စားပွဲ​ပေါ်ကနာရီ​လေးကို လှမ်းကြည့်​လိုက်​​တော့…

---3:27AM---

" Oh...အချိန်​က အဲ့​လောက်​​တောင်​ရှိသွားပြီလား!!! "

လက်​နှစ်​ဖက်​ကို အ​ပေါ်ဆန့်​တန့်​အ​ညောင်း​ဖြေရင်း သူခပ်​တိုးတိုးပဲ ညည်းလိုက်​မိသည်။
အခန်းထဲမှာ သူ့အခန်း​ဖော်​ Bizက အိပ်မောကျ
နေပြီမဟုတ်လား။

ထိုင်ခုံကို နောက်အသာတွန်းထုတ်ရင်း...
အခန်းထဲက ခပ်ဖွဖွထွက်လာခဲ့လိုက်၏။
တချက်ချက်နှင့် မြည်နေသော ကျွန်းသား
တိုင်ကပ်နာရီကြီး၏ လက်တံရွေ့လျားနေသံက
လွဲလျှင် အပြင်ခန်းမကျယ်ကြီးက အိပ်စက်ခြင်းသဘာ
ဝအတိုင်း တိတ်ဆိတ်နေလေသည်။

ခန်းမထောင့် Wine..Beer Barတန်းဘက်မှာ
တော့ ထွန်းနေကြဖြစ်သော တစ်လုံးတည်းသော
မီးနီရောင်လေး။
ဘာရယ်မဟုတ် ထိုမီးလုံးလေးကို သူ ငေးနေခိုက်...

" ငါ မင်းကို စောစောအိပ်ဖို့ ပြောထားလား…
မပြောထားဘူးလား??? "

ခပ်မာမာထွက်ပေါ်လာသော စကားတစ်ခွန်း။
အသံကြားတာနှင့် မည်သူမှန်းတန်းသိလိုက်တာမို့
သူ...လက်နှစ်ဖက်ကို နောက်ကို အမြန်ချိတ်လိုက်
သည်...။

အသံပိုင်ရှင်က ခန်းမအလယ် ဧည့်ခန်းက
Sofaပေါ်မှာ...။

တဖြည်းဖြည်းနီးကပ်လာတယ့် ခြေလှမ်းတွေကြောင့် သူမျက်နှာကိုမမော့ဘဲ ငုံ့ထားလိုက်မိ၏…။

သူ...စည်းကမ်းဖောက်ဖျက်မိသွားပြီတဲ့လား?

ခဏကြာတော့ မျက်လုံးအောက်မှာ စုံလာရပ်သော
အိမ်စီးဖိနပ်အဖြူရောင်လေး.....။

Modification(Completed)Where stories live. Discover now