ဝေဝါးမှု
Start from the beginning
" မင်း ပုံမှန်ဆေးသောက်ရဲ့လား ချန်ယော်န...။ "
မကြားရသည်မှာ အနည်းငယ်ကြားသွားသည့် ဆူဟိုအစ်ကိုရဲ့ ချန်ယော်န..ဆိုသည့် ကျွန်တော့်နားမည်ခေါ်သံ ချိုချိုလေး။ လွမ်းစွတ်တမ်းတသည်မျိုးမဟုတ်ပေမယ့် တစ်ခါတလေတော့လည်း ထိုကဲ့သို့ ဆူဟိုအစ်ကိုရဲ့ နွေးထွေးသော ကျွန်တော့် နာမည်ခေါ်သံကို တတိတရ ကြားယောင်မိတတ်သည်။ ဒါပေမဲ့လည်း ကျွန်တော့်အတွက်တော့ ဆူဟိုအစ်ကိုက ခဏခဏ တွေ့ဆုံသင့်သည့် လူမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော် လျှပ်တပြက် ဆူဟိုအစ်ကိုအား ကြည့်လိုက်တော့ ကျွန်တော် ထင်ထားသလို ကျွန်တော့် မျက်လုံးအား ထိုးထွင်းမတက် စိုက်ကြည့်နေသော မျက်လုံးနှင့် ထိပ်တိုက်တွေ့လိုက်သည်။ စိတ်ထဲက ဆူဟိုအစ်ကိုအား ဖုံးကွယ်လို့ မရဘူးဆိုသည်ကို အလိုလိုခံစားမိတော့ သက်ပြင်းတစ်ချက်ကို ခပ်ရှည်ရှည်ချကာ ကျွန်တော် ခေါင်းခါ ပြုံးလိုက်သည်။ ထိုအခါ စိတ်ပျက်သွားသည့် အရိပ်ကလေးက ဆူဟိုအစ်ကိုရဲ့ မျက်နာမှာ စက္ကန့်ပိုင်းမျှ ဖြက်ပြေးသွားသည်။  ခြေထောက်တစ်ဖက်ကို ချိတ်ကာ ထိုင်ပြီး လက်နှစ်ဖက်ကိုပိုက်လျှက် တစ်စုံတစ်ရာကို စဉ်းစားနေသယောင် ဆူဟိုအစ်ကိုရဲ့ မျက်ဝန်းတွေကို မသိကျေးကျွန်ပြုလျှက် ကျွန်တော် အနက်ရောင်ဆံပင်များကို လက်ဖြင့် တစ်ချက်ထိုးဖွလိုက်သည်။
" တော်တော်လေး ကောင်းနေပြီလို့ ကျွန်တော် ထင်နေတာ။ "
" ဒါက ပြန်ကောင်းသွားပြီလို့ ယုံကြည်လို့ မရတဲ့ အရာလို့ ငါမင်းကို ပြောထားသားပဲ ချန်ယော်နရာ။ "
စိတ်ပျက်လက်ပျက် စကားလုံးဆိုပေမယ့် နားထောင်၍ ချိုသာလွန်းနေသည်။ တစ်ခါတလေ ကျွန်တော် စဉ်းစားမိသည်။ အစဉ်အမြဲ စိတ်ပျက်စရာလူနာများနှင့် ကြုံတွေ့နေရပေမယ့် ဆူဟိုအစ်ကိုဆီမှာ ဒေါသကြောင့် ပေါက်ကွဲခြင်းမျိုး မရှိဖူးပါ။ အမြဲတမ်း တည်ငြိမ်အေးချမ်းနေသည့် ဆူဟိုအစ်ကိုက တကယ်ပင် အပူအပင်ဆိုတာ မရှိလေရော့သလား။
" ဒါပေမယ့် ကျွန်တော် ဆေးသောက်နေရတာကို မကြိုက်ဘူး ။ "
" ........."