ဆုံးရှုံးမူ
Start from the beginning
သူက နှုတ်ခမ်းတစ်ချက် တွန့်ကာ ပြုံးပြီး ကျွန်တော့် အရှေ့မှ လှည့်ထွက်သွားတော့ ။ ကျွန်တော် ထိတ်လန့်တုန်လှုပ်ခြင်းများကြားမှ နာကျင်နေသော ပူလောင်သည့် ခံစားမှုများဖြင့် လှည့်ထွက်သွားသည့် သူ့ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည် ။ ကျွန်တော့်ရဲ့ ဆွဲယူလိုက်သည့် လုပ်ရပ်ကြောင့် သူ နာကျင်နေသောမျက်ဝန်းများနှင့် အံ့ဩကာ လှည့်ကြည့်လာသည် ။ ထိုအံ့သြနေသော အကြည့်တွေထဲ မျှော်လင့်ချက်တွေ တွေ့မြင်ခဲစားမိတော့ ကျွန်တော် မျက်ရည်များကြားမှ တိတ်တဆိတ်နာကျင်စွာ ငိုကြွေးနေမိပြန်သည် ။ မျှော်လင့်ချက်တွေက သိပ်ကို ကြောက်စရာကောင်းလွန်းတယ် chanyeol ။ လူတွေရဲ့ အနာဂတ်ကို ဖန်တီးနိုင်တာလဲ လူတွေရဲ့ မျှော်လင့်ချက်ကြောင့်ပဲ ။ လူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးစေတာလဲ မျှော်လင့်ချက်ကြောင့်ပဲ ။ ငါ မျှော်လင့်ရတာကို သိပ်မုန်းတယ် chanyeol ။ ငါ သိပ်မုန်းတယ် ။ ဒါပေမယ့်လည်း ။
ကျွန်တော် မျက်ရည်များနှင့် သူ့လက်တစ်ဖက်အား တုန်ရီစွာ မလွတ်တမ်း ဆုပ်ကိုင်ထားလိုက်သည် ။
" တစ်ချိန်ချိန်တော့ ..."
ကျွန်တော် မွန်းကြပ်လွန်းနေသော ခံစားချက်များဖြင့် စကားလုံးများက အဆင်ပြေစွာ ထွက်ကျမလာခဲ့ပါ ။ လမ်းတစ်ဝတ်တွင် ရပ်တန့်သွားသည့် ကျွန်တော့် စကားလုံးရဲ့ အဆက်ကို သူက မျက်လုံးများ အရည်လဲ့စွာကြည့်လျှက် ငြိမ်သက်နေသည် ။ ကျွန်တော် ကြမ်းတမ်းစွာ အသက်ရှုထုတ်လိုက်ပြီး ခံစားမှုများမျိုးစုံဖြင့် အရောင်တောက်နေသော သူ့ မျက်ဝန်းကို စိုက်ကြည့်လိုက်သည် ။
" တစ်ချိန်ချိန်တော့ ။ ကျေးဇူးပြုပြီး chanyeol "
»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»
လွန်ခဲ့သည့် ရက်ခန့် .........
ကျွန်တော် နှင့် သူမ တစ်ယောက်ကို တစ်ယောက် အံ့ဩကာ စိုက်ကြည့်နေမိသည် ။ မယုံကြည်ဖြစ်နေသော သူမ ဆီက မထင်မှတ်သောအခြေအနေကြောင့် ရုတ်တရက် မျက်တောင်ကော့ကော့လေးနှင့် မျက်လုံးလေးက ဝိုင်းစက်ကာ ပါးလျသည့် နှင်းဆီရောင်နှုတ်ခမ်းလေးက ခပ်ဟဟ ပွင့်ထွက်လာသည် ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အခု အခြေအနေကို စိတ်ကူးမထားခဲ့ဘူးလေ ။