သီချင်းပြီးပြီး တော်တော်ကြာတဲ့အထိ Jongin ဆီက ဘာသံမှ မကြားရတော့ Kyungsoo နည်းနည်း စိတ်ဓာတ်ကျသွားမိသည်.

~Jongin အိပ်ပျော်သွားပြီထင်တယ် ~

"Good night Jongin."

Kyungsoo ခပ်တိုးတိုး နှုတ်ဆက်ကာ ဖုန်းချလိုက်မလို့ လုပ်လိုက်ချိန်မှာပဲ Jongin ဘက်က အသံထွက်လာသည်..

"Woah.Hyung..You need to join Music club. "

..

အဲ့လိုနဲ့ပဲ Kyungsoo music club ကို ရောက်လာသည်.. Chanyeol ကတော့ ပြောသည်..

"မင်းကွာ ငါ အခါခါ ခေါ်တုန်းကတော့ မလာဘူး ခုတော့ Jongin ဆီက တစ်ခွန်းပဲ.."

Chanyeol ပြောရင်လဲ ပြောချင်စရာ..Kyungsoo အနေနဲ့ ဘယ်တော့မှ Jongin ကို မငြင်းနိုင်..Jongin ကသာ သူ့ကို music club ကို ဝင်ခိုင်းပေမယ့် သူကိုယ်တိုင်ကတော့ dance club memeber တစ်ယောက်..ပထမနှစ်ကျောင်းသားတစ်ယောက်အနေနှင့် club 2 ခု 3 ခု လောက် ဝင်လို့ရပေမယ့် Jongin က advanced class တွေကိုပါ တက်နေတာဆိုတော့ အချိန်သိပ်မရ..Dance clubကိုတော့ သူ ဝါသနာ ပါလွန်းလို့ မအားတဲ့ကြားက မရရအောင် သွားတာ ဖြစ်သည်..ပြီးတော့ Jongin ရဲ့ တစ်ခြား ပထမနှစ်ကျောင်းသားတွေနဲ့ မတူတဲ့ အချက် Kyungsoo သဘောကျတဲ့တစ်ခု က Jongin က စာဖတ်ဝါသနာပါသည်..

တစ်ခါ Kyungsoo အတန်းစောပြီးလို့ Jongin ကို စောင့်ရင်း စာဖတ်ရအောင် စာကြည့်တိုက်ကို သွားသည်..Classical literature စာအုပ်တစ်အုပ်ကို ဖတ်ရင်း နောက်ကျောမှာ ရေးထားတဲ့ ဖတ်ခဲ့တဲ့ လူစာရင်းမှာ Jongin နာမည်ကို အမှတ်မထင်တွေ့လိုက်ရသည်..ရက်စွဲကလဲ အဲ့နေ့ရက်စွဲဆိုတော့ Jongin စာကြည့်တိုက်မှာလား ဆိုပြီး မသိစိတ်က ရှာမိသည်..စားပွဲတွေမှာလဲ အတန်းကြီးကျောင်းသား တစ်ယောက်နှစ်ယောက်ကလွဲလို့ လုမရှိသလောက်..နောက်ဆုံးမှာမှ World literature စာအုပ်တန်းတွေကြား ထောင့်လေးမှာ မျက်မှန်လေးတပ်ပြီး ထိုင်နေတဲ့ Jongin ကိုတွေ့သည်..

Kyungsoo လဲ Jongin အနားရောက်တော့မှ သူ့မျက်လုံးတွေမှိတ်နေတာမှန်း သတိထားမိသည်..သူ့ဘေးမှာ ဖတ်လက်စ စာအုပ်က ကျလို့..မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်နေတဲ့ Jongin ကို ကြည့်ပြီး Kyungsoo ပြုံးမိသွားသည်..

~library ထဲမှာ လာအိပ်နေလို့ ဘယ်ဖြစ်မလဲ Jongin ရဲ့~

"Jongin ah."

Beautiful goodbye Where stories live. Discover now