ခံယူမှု
Start from the beginning
သူမက အနည်းငယ်များသော ကျောင်းသားများနှင့် ဝေးရာ နေရာသို့ သွားပြီး လူရှင်းသည့် ကျောင်းဝင်းကန်တင်းထဲ ဝင်ထိုင်လိုက်သည် ။ ကျွန်တော်လည်း သူမ ထိုင်သည့် စားပွဲတွင် သူမနှင့် မျက်နာချင်းဆိုင် ဝင်ထိုင်လိုက်သည် ။ သူမက အပေါ်ဂျူတီကုတ်ကို ချွတ်ပြီး အနားရောက်လာသည့် စားပွဲထိုးလေးကို ကော်ဖီတစ်ခွက်မှာတော့ ကျွန်တော်လည်း လွယ်ကူစွာပင် ကော်ဖီသာ မှာလိုက်သည် ။ ဆိုင်အတွင်းရှိ အနည်းငယ်မျှသာ ရှိသော စားသုံးသူများရဲ့ အကြည့်စူးစူးများက သူမနှင့် ကျွန်တော်ရှိရာ စားပွဲဝိုင်းသို့သာ စုပုံရောက်ရှိနေကြသည် ။ luhan ဆိုသည့် မာနကြီးသော မိန်းကလေးတစ်ယောက်နှင့် အခုလို အတူတူရှိနေသော ယောကျာင်္းတစ်ယောက်ကို အားလုံးက စိတ်ဝင်တစား စူးစမ်းချင်ကြသည်ထင်ပါရဲ့ ။ ကြည့်နေသော မိန်းကလေးများရဲ့ အကြည့်များက သူမကို အားကျမနာမလိုသလို အကြည့်မျိုးပင်ဖြစ်သည် ။ တစ်ခါတလေ မိန်းကလေးများရဲ့ မနာလိုစိတ်ကို ကျွန်တော် နားမလည်နိုင်ပါ ။
" ရှင် ဘာပြောချင်တာလဲ "
သက်ပြင်းချသံအဆုံး တည်ငြိမ်စွာ ထွက်လာသည့် သူမစကားကို ကြားတော့ ကျွန်တော် သူမကို တစ်ချက်ပြုံးပြလိုက်သည် ။ သူမကတော့ ကျွန်တော့် အပြုံးကို တည်ငြိမ်စွာပင် ငြိမ်သက်နေသည် ။ ကျွန်တော် သွားပေါ်နေသည့် ပါးစပ်ကို ပိတ်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်သည် ။ မာနကြီးသည့် အလှဘုရင်မရယ်လို့ နာမည်ကြီးသည့် သူမက ကြားရသည့် သတင်းများအတိုင်း မာနကြီးသူပင် ဖြစ်သည် ။ baekhyun တစ်ယောက် အမြဲ ပြောဆိုနေ၍ အလွတ်တောင်ရနေသည့် သူမ အလှက baekhyun ပြောသလို လှရက်လွန်းသူဟု ဆိုရမည်လား ။ သမင်မျက်လုံးလို့ baekhyun ပြောပြောနေသည့် သူမ မျက်လုံးက မျက်တောင်ကော့ကော့များက သဘာဝလား ပြင်ဆင်ထား၍လားတော့ ကျွန်တော် မသိပါ ။ ဒါပေမယ့် ထိုမျက်ဝန်းက မြင်ရသူတွေကို အေးချမ်းပြီး အကြည့်လွဲဖို့ ခက်ခဲနေလိမ့်မည် ။ ဖြူဖွေးလွန်းသည့် သူမ အသားအရေက ပုလဲရောင်များ လင်းလတ်နေသလို တောက်ပလွန်းသည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် မွေးကတည်းက ရွှေပေါ်မြတင်နေထိုင်ခဲ့ရသည့် အဆင့်အတန်းမျိုးကပင် ဖြစ်မှန်း သိသာလွန်းလှသည် ။ ကျွန်တော် နုဖက်ပြီးပန်းရောင်သန်းနေသော သူမရဲ့ နှုတ်ခမ်းပါးလေးကို ကြည့်ပြီး ငယ်သူငယ်ချင်း baekhyun ကိုသာ မေတ္တာပို့နေမိသည် ။ ကြိုက်မယ့်ကြိုက်တော့လည်း တကယ့်မိန်းမကိုမှ ပစ်ကြွေရသလား ငါ့ကောင်ရာ ။ ဒါပေမယ့် သူမနှင့် ကျွန်တော့်ရဲ့ သူငယ်ချင်း baekhyun က လိုက်ဖက်လွန်းလှသည်ကိုတော့ မြင်သည့်သူတိုင်း လက်ခံကြလိမ့်မည် ။