'မင်း ​တော်​​တောာ ​စေတနာ ​စော်​ကားတဲ့ မိန်းမ '

'ရှင်​​နော်​ ကျွန်​မကို သား​ပြောမယား​ပြော လာမ​ပြောနဲ့ မကြိုက်​ဘူး '

သူမ ​ပြောပြီး လှည့်​အထွက်​ ​နောက်​မှာ ရပ်​​နေတဲ့ ​ဖေ​ဖေကို ​တွေ့သည်

'​ဖေ​ဖေလဲ အဲ့ဒါ​ပြောမလို့ သမီးရယ်​ သမီးက မိန်းက​လေး ညကြီးမိုးချုပ်​ အဆင်​မ​ပြေပါဘူး သမီးအစ်​ကိုလဲ ကား​မောင်းတတ်​​နေတာပဲ ​မောင်းခိုင်းလိုက်​ပါ သူလဲ ဒီအတိုင်းကြီး ​နေရတာ အားနာ​လို့ ​နေမှာ​ပေါ့ သမီးရဲ့ '

'ဟုတ်​ကဲ့ ​ဖေ​ဖေ '

သူမ ​ပြောပြီး ကား​သော့သွားယူကာ သူ့လက်​ထဲ ထည့်​​ပေးလိုက်​သည်​ ပြီး​တော့ အခန်းထဲ တန်းဝင်​သွားသည်

'မင်းညီမက အဲ့လိုပဲ သား​ရေ နည်းနည်​စွာတယ်​ သားကပဲ သည်းခံ​ပေးပါကွာ '

'ဟုတ်​ကဲ့ ဦး​လေး '

နည်းနည်းစွာတာ မဟုတ်​ဘူး ဦး​လေး​ရေ ​တော်​​တော်​စွာတာ ....

~~~~~~

ခုဆို သူမ အိမ်​ပြန်​​ရောက်​တာနဲ့ ညစာ ချက်​ပြီးရင်​ အား​နေတာ​လေ Taxi ကလဲ သူ ဆွဲတာဆို​တော့ သူမ အိမ်​မှာ ည​နေဆို လုပ်​စရာ မရှိ....

ခုလဲ ည ၉ နာရီထိုး​နေပြီ သူ ပြန်​မလာ​သေး ...

တစ်​ခုခု များ ဖြစ်​​နေတာလား ....

သူမ ​တွေး​နေတုန်း အိမ်​​ရှေ့က ကားမီး​ရောင်​ ​တွေ့လိုက်​သည်​ ခဏအကြာ သူဝင်​လာပြီး

'​ဆောရီးကွာ ​နောက်​ကျသွားတာ မြို့ပြင်​ထိ လိုက်​ပို့​ပေး​နေလို့ '

'​နောက်​ဆို ရှင်​ ​ဆောရီးစရာ မလို​တော့ဘူး ကျွန်​မ ဘာသာ ပြန်​​မောင်း​တော့မှာမို့ '

'ဘာလို့လဲ '

'ရှင့်​ဆီက လက်​ဖြန့်​မယူချင်​လို့ '

'လက်​ဖြန့်​မယူချင်​ရင်​ လက်​​မှောက်​ယူ​လေ ငါ လက်​ဖြန့်​​ပေးမယ်​ '

'ကျွန်​မ ​နောက်​​နေတာ မဟုတ်​ဘူး ​'

'​တော်​ပါကွာ ကိုယ့်​ဟာကို အိမ်​မှာ ​အေး​ဆေး ​နေစမ်းပါ '

သူ ​ပြောပြီး အ​ပေါအကျီင်္ထဲက ပိုက်​ဆံ အထပ်​လိုက်​​လေးကို သူမလက်​ထဲ ထည့်​​ပေးပြီး

'ဗိုက်​ဆာတယ်​ကွာ ဘာချက်​ထားလဲ '

ပြောရင်း မီးဖို​ချောင်​ထဲ ဝင်​သွားသည်

သူမ သူ့​ကျောပြင်​ကို ကြည့်​ရင်း ဒီလူ တစ်​ခါတစ်​​လေကျ သ​ဘော​ကောင်းသလို တစ်​ခါတစ်​​လေကျလဲ ဂျစ်​တီးဂျစ်​ကန်​နဲ့ ....ဒါ​ပေမဲ့ သူမတို့ သားအဖအ​ပေါ်​တော့ ဂရုစိုက်​ပါသည်

သူမလဲ သူ​နောက်​က လိုက်​သွားရင်း သူစားဖို့ ပြင်​ဆင်​​ပေး​တော့သည်

~~~~~~~

'စာ လာတယ်​ဗျို့ '

အ​ရှေ့က စာပို့သမား​လေးရဲ့ အသံ​ကြောင့်​ သုမ ခြံထိပ်​ကို ​ပြေးသွားလိုက်​သည်

သူမ ဒီ​နေ့ အလုပ်​နားလို့ အိမ်​မှာ သန့်​ရှင်း​ရေး လုပ်​​နေတာ​လေ သူ​ရော သူမကို ကူလုပ်​​ပေး​နေသည်

သူမ စာပို့သမား​လေးဆီက စာကို လက်​ခံထားပြီး အိမ်​ထဲသို့ ပြန်​ဝင်​လာခဲ့သည်

အိမ်​ထဲ​ရောက်​​တော့ ဧည့်​ခန်းထိုင်​ခုံမှာ ထိုင်​လိုက်​ပြီး စာကို ဖွင့်​လိုက်​သည်

စာကို ဖတ်​လိုက်​​တော့ သူမ မျက်​လုံး​တွေ ပြူးကျယ်​သွားသည်

ထိုအချိန်​ သူ အခန်းထဲက ထွက်​လာ​တော့ သူ့ကို ​မော့ကြည့်​ရင်း

'ရှင်​ ဘယ်​သူလဲ '

TBC

Yo yo yo Update. တိုတယ်​​နော်​ ခ်​ခ်​ ​ကျော်​ကွကို သိပါတယ်​လို့

နောက်​ကျသွားလို့ Miannae reader တို့​ရေ ​နောက်​ဆို သုံးရက်​ တစ်​ခါ update မှာပါ

ကျော်​ Saeng ​လေး တစ်​​ယောက်​ရဲ့ SuLay fic ​လေး ဖတ်​​ပေးကြပါလားဟင်​ @May-Mon-is-for-DO ရဲ့ SuLay Yaoi fic ​လေးပါ Title က Love & World ပါ ဖတ်​​ပေးကြပါဦးလို့

Please vote for me.
Welcome your feedback.
Thank you ~~~~

My Beloved Lady Where stories live. Discover now