ပြင်းပြမူ ( 18 + )
Start from the beginning
ငါ ဖက်လုံးလို ခွကောင်းလို့များ သူ့ကို ချစ်မိခဲ့တာလား ။ ကျွန်တော် အတွေးနှင့်အတူ နှုတ်ခမ်းက အလိုလို ပြုံးလိုက်မိသည် ။ ထို့အတူ ညက သူပြောခဲ့သည့် အတူတူနေတာဆိုသည့် စကားကို ပြန်ကြားယောင်တော့ ကျွန်တော် စောင်ကို ခေါင်းပေါ်ဆွဲခြုံလိုက်ကာ စောင်ပုံထဲ ခြေထောက်ကို လှုပ်ယမ်းနေမိသည် ။
" အားးး ။ ငါ စောစောစီးစီး ဘာတွေ တွေးမိနေမှန်း မသိဘူး ။"
ကျွန်တော် အိပ်နေရာမှ ထကာ မျက်နာသစ်ဖို့ ဆုံးဖြတ်လိုက်သည် ။ တော်ပြီ ။ ဒီ ကြောင်တောင်တောင် အတွေးတွေကို ရေနဲ့အတူ သစ်ပစ်ရမယ် ။ ကျွန်တော် မျက်နာ သစ်ပြီး အခန်းထဲမှ ထွက်လိုက်သည် ။
" နိုးပြီလား ။ ငါတောင် လာနိုးတော့မလို့ "
မီးဖိုခန်းထဲ ကျွန်တော့်ကို ကျောပေးနေရာမှာ နောက်ပြန် လှည့်ကြည့်လာသည့် သူ့ မျက်နှာလေးကို မြင်တော့ ထာလာမိသည့် ကိုယ့်ကိုကိုယ် ဒေါသထွက်သလို ခံစားမိသည် ။ ဆက်အိပ်နေရမှာ ။ ဒီဂျပုလေး ကျွန်တော့်ကို ဘယ်လို နိုးလဲ သိချင်တယ် ။ ဒီဖြူဖွေးပြီး ဝင်းမွတ်နေတဲ့ သူ့ မျက်နာက နှုတ်ခမ်းဖူးဖူးလေးနဲ့ပဲ နိုးလေလား ။ နွေးထွေးလွန်းသည့် နုဖက်သည့် သူ့လက်ချောင်းနှင့် နိုးလေမလား ။ ကျွန်တော် အလိုလို သိချင်လာမိသည် ။ ပြီးတော့ ထို သိချင်စိတ်ကိုလည်း အံ့ဩမိပြန်သည် ။
ကျွန်တော်ကိုယ် ကျွန်တော်တောင် နားမလည်သေးသည့် အခြေအနေမှာ သူ ကျွန်တော်နားရှိနေသည်ကို လက်မခံချင်ပေမယ့် သူ ရှိနေသည်က ကျွန်တော့်ကို အထီးမကျန်စေတာကိုတော့ ဝန်ခံရမည် ။
ကျွန်တော် စားပွဲတွင် ဝင်ထိုင်တော့ သူက မနက်စာကို ပြင်ပေးနေသည် ။ ဘာမှန်းမသိ ကျွန်တော့် ရှေ့ မနက်စောစော သူ အခုလို ရှိနေပြီး မနက်စာ ပြင်ပေးနေသည်ကို ကြည့်ပြီး ကျွန်တော် မိသားစုဆိုသည့် အရာကို တွေးမိပြန်သည် ။ အို ။ ဒုက္ခပါပဲ ။ ကျွန်တော် ဘာမှ နားမလည်သေးပဲ ။ ဒီ ဂျပုနဲ့ မိသားစုဆိုတဲ့ အရာကို တွေးတောနေမိပါလိမ့် ။ ရူးများသွားခဲ့ပြီလား ။ ကားတိုက်တုန်းက ထိသွားသည့် ခေါင်းက ဒဏ်ရာက တော်တော် ပြင်းတယ် ထင်သည် ။ ဘာလို့များ ကောင်လေးတစ်ယောက်နဲ့ မိသားစုထူထောင်ချင်သည့် အတွေးမျိုးကို မနက်စောစော တွေးမိပါလိမ့် ။ ကျွန်တော် ဘာမှ မတွေးမိအောင် မနက်စာကိုသာ ငုံ့စားနေသည် ။ အရှေ့မှာ ထိုင်နေသည့် သူ့ ဆီ မကြညိ့မိအောင်ပေါ့ ။ ပြောမရဘူးလေ ။ နောက်ထပ်ကြည့်မိပြီး ကျွန်တော် ဘာတွေးမိမလဲ မသေချာဘူးလေ ။ တော်ကြာ ကလေးမွေးဖို့ အထိပါ ကြောင်တောင်တောင် တွေးရင် တွေးမိနေမှာ ။