part-2

5K 460 4
                                    

Lu; ဟူးးးးးးးး မောထှာ ပြေးလာရတာ။တော်သေး အတန်းထဲ ချာမ မရောက်သေးလို့။ရောက်လည်း no case ပါ။ခုသင်မယ့်ချာမက ကျွန်တော့်ကို အရမ်းချစ်တဲ့ ပန်ဒါ ချာမလေးဆိုတော့......ဟက်ဟက် ကျွန်တော်နောက်ကျလည်း no problem.
အမလေး ဒါပေမယ့် အမြဲတမ်း တုတ်တကားကားနဲ ချာ kris ကြီးကိုတော့ကြောက်ရတယ်။

ဟိုတစ်ခေါက်ကလည်း သူ့အချိန်နောက်ကျလို့ အပြစ်ပေးခံရတော့မလို့ ချာမပန်ဒါ ကယ်ပေလို့...နို့မို့ဆိုရင်တော့...ချာKris တုတ်စာနဲ့သေပြီပဲ။
သြော် ဒါနဲ့ ချာKris ကလေ ချာမ ပန်ဒါ စကားဆို အရမ်းနားထောင်တာ သက်လား...ဆက်ပြောဦးမယ်ဟိ...ပြီးတော့ချာမ ကို ကျိတ်ပြီး crushနေရှာတာ...ဒါပေမယ့်ချာမက ...Oh sehunတို့အတန်း ကMathsသင်တဲ့ချာကြီး chanကို တဖက်သက်ကြွေနေတာ...အဲ ချာကြီး chanကျပြန်တော့လည်း ကျော်တို့အတန်းထဲက Engချာမ Baekနဲ့ဘာလိုလိုညာလိုလို...
ဆရာတွေတောင် ဒီလိုလေးပွင့်ဆိုင်တွေ ဖြစ်နေတဲ့ကျော်တို့ကျောင်းတော်ကြီးမှာ အမျိုးသားသီးသန့်ကျောင်းဖြစ်ပါလျက် အတွဲပေါင်းများစွာ ရှိနေတာမထူးဆန်းပါဘူးနော် ......Yaoi အတွဲတွေလေ...ဟိဟိ။

ဟော...အတန်းထဲမှာ ရှေ့ဆုံးအတန်း က ဣနြေ္ဒရှင်ကြီး Soo က ကျွန်တော်ဝင်လာပြီ ဆိုတာနဲ့ အလှဆုံးမျက်စောင်းနဲ့ဆီးကြိုနေပါပြီ...ဘာလို့ဆို ကျွန်တော်ကအမြဲတမ်း သူမခံချင်အောင်စတတ်လို့။ကျွန်တော့်ဆိုသူကမေတ္တာအရမ်းထား...ခေါ်ပုံက အစကြည့်ပါလား...လဒ တဲ့...ကျွန်တော်ကလည်းအားနာနာနဲ့ပဲသူ့ကိုနာမည်ပြန်ပေးလိုက်ပါတယ်...ငပြူးမလို့...ဟက်ဟက်။
ငပြူးဆိုလို့အထင်တော့မသေးနဲ့...ဒီကျောင်းမှာသူ့ကို crushနေတဲ့သူတွေကတစ်ပုံကြီး...ကျွန်တော်တောင်စစတွေ့တုန်းက ငမ်းမိသေးတယ်...အာ့ကလည်းOh sehun ကောင်စုတ်လေးကိုမမြင်ဖူးသေးခင်မို့ပါ""
ကဲ Oh sehun အကြောင်းက ထားပါ...အဲ့ငပြူးကအခု အတွဲရှိတယ် သက်လား...သူ့ကောင်လေးကOh sehunတို့အတန်းထဲကပဲ...အသားလေးနဲနဲညိုတာကလွဲရင်...မဆိုးးးးးပါဘူးး။ကျောင်းမှာ နောက်ထပ်နာမည်ကြီး အတွဲကတော့ ...ကျွန်တော်တို့နဲ့တစ်ခန်းထဲနေတဲ့...Sulayအတွဲပါပဲ။သူတို့နှစ်ယောက်ကတော့ နာမည်သာကြီးတာ ခပ်အေးအေးပါပဲ...kissတောင်တနေ့တခါမှန်မှန်ပေးရဲ့လားမသိ...ဟီးသူများအတွဲKiss'တာတောင်လိုက်စိတ်ပူနေသေးတယ် ...ကျွန့်တော့်မလည်း ဒုက္ခပဲ။
တစ်ဆောင်တည်းမှာနေပြီး သူတို့အတွဲ တွေမြင်တော့ ကျွန်တော်တောင် အားကျလာသလိုလိုရယ်...Sangnamja လို့ကြွေးကြော်နေပေမယ့် လည်းပေါ့နော်... ဒီလိုပဲcrush တဲ့သူတော့ရှိတာပေါ့။အာ့ဘူလဲ သိကြလား?မသိရင်...ကျွန်တော်...ပြောပြမယ်...ထင်လား!!!ပြောမပြဘူး...ကွကိုယ်စုံစမ်းကြည့်...ဟိဟိ:P:P

ကဲ ကျွန်တော့်ရဲ့မူပိုင်နောက်ဆုံးတန်းကိုသွားပြီး ငမ်းလိုက်...အဲလေ စာသင်လိုက်ပါဦးမယ်။ ကျွန်တော့်ဘဝမှာစာဆိုတာကို ဘယ်လိုခံယူထားလဲ ဆိုတော့...
စာ ဆိုတာစာပေါ့နော်... အင်းးးးစာကိုစာလို့ပဲခံယူပါတယ်...အဟိ။
(အရမ်းလေးနက်တာ)

ကျွန်တော်တို့ ကျောင်းဆောင်ရဲ့ဘေးဘက်မှာOh sehunတို့လိုထူးချွန်ကျောင်းသားတွေအတွက်
Special class သီးသန့်ရှိတယ်လေ။အမလေး အဲ့လိုစီစဉ်ပေးထားတဲ့သူကိုလေ...ကျေးဇူးတင်လိုက်တာ အရမ်းပဲ...ပြတင်းပေါက်က နေ ခေါင်းလေးပြူကြည့်လိုက်တာနဲ့ရှေ့ဆုံးအတန်းထဲမှာထိုင်တဲ့သူ့ကိုမြင်ရတာ တန်းနေတာပဲ...ပြီးတော့လေ တခါတလေသူဒီဘက်လှည့်လာလို့ အကြည့်ချင်းဆုံရင် မထိတထိ လှမ်းစရတာ အရသာကို ရှိနေတာပဲ... hkhk... ဘယ်လိုစလဲဆိုတော့ မျက်လုံးမှိတ်ပြတာတို့...fly kissပေးတာတို့ပေါ့နော့...ဟိ။

Tao; Good'morning everyone!!!

သြော် ချာမ ပန်ဒါ တောင် ရောက်လာပြီ။
ကဲ ငလု တို့ ဒီနေ့လည်း...ယောင်တောင်တောင်လုပ်လိုက်...အဲလေ စာသင်လိုက်ပါဦးမယ်။

သြော် ဒီနေ့ ဟိုကလေးစုတ်ကြီး အဆင်ပြေလောက်မှာပါ။အိမ်စာတွေ မပြီးပြီးအောင်အသေသော့ပြီး ရေးပေးလိုက်ရတာ...လက်တွေကိုညောင်းနာပဲ...ညကျမှ...လက်စားချေပစ်မယ်...ဟိုးးးးးးးးးးအတွေးမလွန်ကြနဲ့ဦးနော်...သူ့ကိုစောင်ပေးမခြုံပဲနေမယ်လို့ပြောတာ:P

*ကဲကဲ ဒီနှစ်တော့ လွတ်အောင်ကျွတ်အောင် စာလေးအာရုံစိုက်လိုက်ပါဦးမယ်...တော်ကြာမအောင်ပဲ ကျနေခဲ့ရင် ကိုယ်ပဲ ကျန်ရစ်ဖြစ်မှာ...ငလုတဲ့တလုပဲ ရှိတယ် သူနဲ့အတန်းတူအောင် တမင်အကျခံပြီးစောင့်နေခဲ့တာ...စာကျက်ရမှာပျင်းတာလဲပါတာပေါ့ အဟက်...ခုနှစ်ကသူရောကိုယ်ရောနောက်ဆုံးနှစ်ဆိုတော့ ထပ်စောင့်စရာမရှိတော့ဘူး ...ဟိုငနာလေးကစာအရမ်းတော်တော့ Uni ကောင်းကောင်းပဲတက်မှာ...သူနဲ့Uni တူတူတက်ရအောင် စာလေးကြိုးစား လိုက်ဦးမယ်...တော်ကြာဟိုငနာလေးက တယောက်ယောက်ကိုကြိုက်သွားရင် ကျော်ပဲရင်ကွဲကျပြီးသေရမှာ...^_^ထင်လားးပြန်လုမှာပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေနိုင်ပေါင်...
အဲ့ငနာလေးကိုရဖို့ဆို...ငလုတို့ စနှိုက်ကျော်မ လုပ်သင့်လည်း လုပ်ရမှာပဲ...Sangnamjaရူးမို့သာပဲ တော်တော့တယ်နော်...ဟက်ဟက်!:P:P:P

Tao; ကလေးတွေဒါသင်ခန်းစာမှာဆိုရင် ဒါက#%&#&*€£©^®®©€^©^€£€€^£

.....................................................................

update လိုက်ပါပြီ မျှော်တဲ့သူများရှိမလားလို့ဟဲ တိုတော့တိုတယ်နော်။
ဖတ်ကြည့်ပေးပါဦး။

Gamsamithar!90°Bow.
I love Hunhan.
We are one.
Saranghaeyo.

Hey...My sweet!!!Where stories live. Discover now