Hun အဲတော့မှ Hyung ဝတ်လာတာ ပြန်ကြည့်မိတယ်။ အဖြူရောင် T shirt အပေါ်မှာ ဂျင်းcoat ကို တံတောင်ဆစ်ဖုံးရုံထိ လက်ခေါက်ကာ ထပ်ဝတ်ထားပီး ဒူးခေါင်း ဖုံးတဲ့ ဘောင်းဘီတိုလေးနဲ့ပဲ။ ကျွန်တော်က Gentle Man style နဲ့ Hyung က ခေတ် လူငယ်စတိုင် အမှန်ကို ဘာမှမဆိုင်။ ( ခိခိ Designer Tao နဲ့ Baek အဲလိုတော်တာ :) ) Hyung မျက်နှာက ပုံမှန်တောင် ငယ်တယ်ထင်ရတာ ခု ကျွန်တော်နဲ့ အတူတွဲတွေ့ရင် ကျွန်တော့်အကြီး လို့ ထင်မှာအမှန်။ အစက Hyung မျက်နှာပဲကြည့်ပီး ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးနေတာ Hyung မြင်တော့ တမျိုးထင်သွားပုံပင်။ Samnamja ကြီး အိုးမလုံအုံပွင့်နေတာမြင်ပီး ခုမှရီချင်သွားပေမယ့် မရီရဲပေ။တော်ကြာ ပထမဆုံး date လုပ်တဲ့ ရက်လေး လှည့်ပြန်သွားမှဖြင့်။ ခုတောင် ဘဝင်မကျလို့ မျက်နှာတော်က စူပုပ်လို့။

Hun '' ကျွန်တော်က အဲဒါကြောင့် ရီတာ မဟုတ်ပါဘူး Hyung ရ Hyung ရှက်နေတာ လေးမြင်ပီး ချစ်ဖို့ကောင်းလို့ ပြုံးမိတာပါ ''

Luhan မျက်နှာက စူပုပ်နေရာမှ ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားတယ်။ Hun လဲပြုံးကာ Hyung ကို ပခုံးမှတွန်းကာ ကားတံခါးဖွင့်ကာ ထိုင်စေပီး သူလဲ ကားထဲဝင် မောင်းထွက်ခဲ့တယ်။

Hun '' Hyung ဘယ်သွားရင် ကောင်းမလဲ ဟင် ''

Luhan '' Hun သွားချင်ရာ သွားလေ ''

Hun တစ်ချက်ပြုံးကာ ကားလေးကို ဆက်မောင်းနေလိုက်တာ ခဏကြာမောင်းပီးတော့ Lotte World ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်ကို Hun ကား လေး ဖြတ်မောင်းဝင်သွားတယ်။

Luhan '' Wahh! ''

ပြောလဲပြော ပါးစပ်ဟောင်းလောင်း ဖြစ်နေတဲ့ Luhan ကို Hun က အံ့သြသလိုကြည့်ရင်း

Hun '' ဒီကို မရောက်ဖူးဘူးလား ''

Luhan '' အင်း မရောက်ဖူးဘူး နာမည် သာကြားဖူးတာ ကာတွန်းကားတွေထဲ ရောက်သွားသလိုပဲ Hun ရော ခဏခဏ ရောက်ဖြစ်လား ''

Hun က မျက်မှန်တွေ Mask တွေ ကောက်တပ်ရင်း

Hun '' တစ်ခေါက်ပဲ ရောက်ဖူးတယ် ''

Luhan ခေါင်းညိတ်ပီး ကားပေါ်ကဆင်းလိုက် တယ်။ Hun လဲ လိုက်ဆင်းပီး lock ပိတ်ကာ အထဲဝင်လာခဲ့တယ်။

Poisonous LoveWhere stories live. Discover now