South Korea. Seoul.
တောင်ကိုရီးယားရဲ့ အကြီးဆုံးစီးပွားရေးမြို့ Seoul။
တောက်ပနေတဲ့ မိုးမျှော်တိုက်တွေ၊ ညမအိပ်တဲ့ လမ်းမတွေ၊ လူတိုင်းအားကျရတဲ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ...
ပိုက်ဆံနဲ့ အာဏာက လူတစ်ယောက်ရဲ့ ဘဝကိုတောင် ဝယ်ယူနိုင်တဲ့ ကမ္ဘာတစ်ခု ရှိနေတယ်။
Park Group
နိုင်ငံရဲ့ ထိပ်တန်း Conglomerate တစ်ခု။
သူတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုက Stock Market ကိုတောင် လှုပ်ခတ်စေနိုင်တယ်။
Shim Group။
တစ်ချိန်က တောက်ပခဲ့တဲ့ လုပ်ငန်းစု။
ဒါပေမယ့် အကြွေးတွေ၊ အရှုံးတွေ၊ သစ္စာဖောက်မှုတွေကြောင့် ပြိုလဲလုနီးပါး ဖြစ်နေပြီ။
ကုမ္ပဏီတစ်ခုကို ကယ်တင်ဖို့...
လူနှစ်ယောက်ရဲ့ ဘဝကို စာချုပ်တစ်စောင်ထဲမှာ ထည့်ရေးလိုက်ကြတယ်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Park Sunghoon...
လူတိုင်းက သူ့ကို ပြီးပြည့်စုံတဲ့ CEO လို့ ခေါ်ကြတယ်။
ဒါပေမယ့် သူ့နှလုံးသားထဲမှာတော့...
အချစ်ဆိုတာ အားနည်းချက်။
ယုံကြည်မှုဆိုတာ မိုက်မဲမှု။
လက်ထပ်ခြင်းဆိုတာ စီးပွားရေးသဘောတူညီချက်တစ်ခုသာ။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Shim Jaeyun...
သူ့မိသားစုကို ကယ်တင်ဖို့ ကိုယ့်ဘဝကိုယ် အပေးအယူလုပ်ခဲ့တဲ့ လူငယ်တစ်ယောက်။
"တစ်နေ့တော့ သူလည်း ငါ့ကို နားလည်လာမှာပါ..."
ဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့...
အေးစက်လွန်းတဲ့ အိမ်တစ်လုံးထဲကို ဝင်ရောက်လာခဲ့တယ်။
ဒါပေမယ့်...
တချို့လူတွေက ချစ်တတ်တာ မဟုတ်ဘူး။
နာကျင်အောင်ပဲ လုပ်တတ်ကြတယ်။
လူတွေက ပြောကြတယ်...
"အချိန်က အရာအားလုံးကို ပြောင်းလဲပေးတယ်" လို့။
ဒါပေမယ့်...
အချိန်မီ နောင်တရတာနဲ့...
အချိန်လွန်ပြီး နောင်တရတာက...
လုံးဝ မတူညီဘူး။
သူ့ကို အကြိမ်ကြိမ် နာကျင်အောင်လုပ်ခဲ့တဲ့ လူက...
နောက်ဆုံးမှာ...
"ပြန်လာပါ..."
လို့ တောင်းပန်တဲ့အချိန်...
Jake ရဲ့ နှလုံးသားက...
Sunghoon အတွက် နေရာကျန်သေးရဲ့လား...
ဒါမှမဟုတ်...
နောက်ကျသွားပြီလား။
"တစ်ခါတလေမှာ ကိုယ့်ကို ဝမ်းနည်းကြေကွဲအောင် လုပ်ခဲ့တဲ့သူကပဲ ကိုယ့်ကို ထွက်မသွားဖို့ ဆွဲထားပြန်တယ်..."
Coming soon ~~~~~~~~~~
YOU ARE READING
"Until You Break"
Fanfiction"အချို့သော ကတိစကားတို့သည် ချစ်ခြင်းအတွက်ဖြစ်၍၊ အချို့သော ကတိစကားတို့မူကား ရှင်သန်ရပ်တည်ရေးအတွက် ဖြစ်ကြ၏။"
