ချွမ်ချွှမ်!!....(သံကြိုးချင်း ပွတ်တိုက်သံ.....)
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jin pov-အား!!....အလင်းရောင်!
သူဒီလိုနေတာ ဘယ်လောက်တောင်မှ ကြာသွားပြီလဲ....
Jin က ပြတင်းပေါက်နားမှာ ရပ်ရင်း အဝေးကို ငေးကြည့်နေခဲ့သည်။
Jinနာကြင်နေတဲ့ အရာတွေကို လျစ်လျူရင်း.နဲ့....
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှတ်တရတွေက မေ့ပျောက်သွားပြီလို့ ထင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ မနေ့တုန်းကလို ရှင်းလင်းစွာ ပြန်ပေါ်လာတတ်သည်။
"Jungkook..."
သူ့နှုတ်ခမ်းက အမည်တစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အဲ့ဒီနေ့က မူလတန်းကျောင်းတက်ရတဲ့ ပထမဆုံးနေ့။
Jin က စာသင်ခန်းထဲ ဝင်လာတဲ့ ဆရာမနောက်မှာ ကောင်လေးတစ်ယောက် ရပ်နေတာကို တွေ့ခဲ့သည်။
မျက်နှာလေးက ငိုထားသလို နီရဲနေသည်
Jin pov-ဘယ်လောက်တောင်မှ ဖြူစင်ခဲ့လိုက်သလဲ.....
"ဒီနေ့ကစပြီး မင်းတို့ရဲ့ အတန်းဖော်အသစ်ပါ"
ဆရာမရဲ့ စကားကြောင့် အတန်းသားတွေ အားလုံး စိတ်ဝင်တစား ကြည့်နေကြသည်။
Jungkook ကတော့ ခေါင်းငုံ့ထားဆဲ။
ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ သူ့အတွက် လူသစ်တွေကြားမှာ နေရတာ အလွန်မသက်မသာ ဖြစ်နေသည်။
"Jungkook... မင်း Jin ဘေးမှာ သွားထိုင်လိုက်နော်"
အဲ့ဒီအချိန် Jin က သူ့ဘေးက ခုံလွတ်ကို လက်နဲ့ ပုတ်ပြလိုက်သည်။
"ဒီမှာ ထိုင်လို့ရတယ်"
Jungkook က ခဏလေး ငေးကြည့်ပြီးမှ ခေါင်းညိတ်လိုက်သည်။
YOU ARE READING
Dangerous person💯
Romanceငါလောကကြီးထဲကိုပြန်သွားချင်တယ် ငါ့ကို ဒီလောက်ထိ့ဘဲ ပိတ်လှောင်ထားပါတော့.....ကျေးဇူးပြုပြီ
