- 16 -

1.3K 147 16
                                        

" အဲ့တော့ ကျွန်တော်ပြန်သွားပြီးတဲ့နောက်ပိုင်းလည်း ကိုကို့မေမေ ဘာမှတော့မပြောဘူးပေါ့နော် ? "

" ဟင့်အင်း... ဘာမှမပြောပါဘူး
သူ့ဟာသူ ညနေစာချက်ဖို့ပြင်ရင်း အလုပ်ရှုပ်နေတာ.. ကိုယ်လည်း အခန်းနည်းနည်းရှင်းပြီး ရေချိုးနေတော့ စကားတောင်မပြောဖြစ်ဘူး "

ဂျုံဆောင်း သိပ်မကြာသေးခင်ကမှ လျှော်ထားသောခေါင်းအား သေချာခြောက်သွေ့သွားအောင်အထိ တဘက်နှင့်သုတ်၍ dryer မမှုတ်ခင် ပိုမိုအရေးကြီးသော ချစ်သူလေးနှင့်ဖုန်းပြောခြင်းအား ဆောင်ရွက်နေမိ၏။

လောလောဆယ် သူ့ခေါင်းက စိုထိုင်းနေသေးလျှင် aircon ကိုသာ ပိတ်ထားလိုက်မည်။

အချစ်လေးနှင့် ဖုန်းပြောရမည့်ကိစ္စကိုတော့ မည်သို့မျှ နောက်သို့ရွှေ့ဆိုင်းမထားနိုင်ပေ။

" ahh ပြီးတော့ အသံပဲကြားနေရတာ အလွမ်းမပြေဘူးကွာ.. face call ပဲပြောရအောင်နော်.. camera ဖွင့်လိုက်ကြမယ် "

ထို့နောက် ပြောဆိုရင်း ဂျုံဆောင်း တစ်ခါတည်း ခုတင်ထက် မှောက်ဝင်အိပ်ကာ ခေါင်းအုံးကို ရင်ဘတ်အောက်ခံ၍ camera ကိုဖွင့်လျှက် အသင်ပြင်ထားခဲ့သော်လည်း တစ်ဖက်ကမူ အနက်ရောင်နောက်ခံကိုသာမြင်နေရသေးလေသည်။

" အချစ်လေး... camera လို့.. "

" ကျွန်တော် အခု... အရမ်း မျက်နှာပြောင်ကြီးဖြစ်နေတယ် ကိုကိုရာ.. ရေတောင်မချိုးရသေးဘူး "

ညည်းညူကာ ရေရွတ်လာသည့်အသံလေးက အပျင်းကြောတစ်လျှက် အိပ်ယာထဲ၌ လုံးထွေးနေသည့်အသံလေးပင်။

ဂျုံဆောင်းမှာ ပို၍ အသည်းယားလာခဲ့ရ၏။

" ဟော်... ဘာတွေရှက်နေတာလဲ
မျက်နှာပြောင်နေတာမပြောနဲ့ တစ်ကိုယ်လုံးပြောင်နေတာတောင် မြင်ဖူးတဲ့ကိစ္စ "

" ကိုကို ! "

" ဟုတ်တယ်လေ မှန်တာပြောတာ..
နော် ဖွင့်ပါကွာ အချစ်လေးရာ..
မျက်နှာလေးပြပေးပါ ကိုယ့်ကို "

ထို့နောက်တွင် ချစ်ရသူလေးဘက်မှ အမှန်တကယ် စိတ်ညစ်ညူးသွားဟန်နှင့် တဟွန့်ဟွန့် တအွန့်အွန့် ညူစူညည်းညူသံ တိုးသဲ့သဲ့လေးများကို ကြားလိုက်ရ၏။

Guide Us How To Date Where stories live. Discover now