- 2 -

1.2K 241 49
                                        

အတန်းတက်ချိန် ပုံမှန်အတိုင်း ပေးထားသော alarm က မနက်ခင်းစောစောစီးစီး မြည်လာခဲ့ချိန်တွင် အရက်နာကျနေသော ဂျုံဆောင်း၏ မျက်နှာက ရှုံ့တွလျှက် နိုးလာခဲ့ရ၏။

မပွင့်တပွင့်မျက်လုံးများ ဖွာလန်ကြဲနေသောဆံပင်နှင့် ပထမဦးစွာ ခေါင်းထောင်ကြည့်လိုက်မိတော့ သူ့ရင်ဘတ်ပေါ်သို့ ဖြတ်တင်ထားသော ရှင်းမ်ဂျယ်ယွန်း၏ လက်မောင်းတစ်ဖက်ကို အရင်မြင်လိုက်ရသည်။

ထိုဆူညံနေသော alarm သံကြား ယားယံနေသော ခေါင်းကို တဗြင်းဗြင်းကုပ်ကာနိုးလာရင်း ဂျုံဆောင်း ထိုဘော်ဒါအကောင်းစား၏ လက်ကိုအရင် စိတ်ရှုပ်စွာ အကြမ်းပတမ်းတွန်းဖယ်ပစ်လိုက်၏။

ထိုအခါ ဆူညံနေသည့်ကြားထဲမှပင် အဟောက်မပျက်သော ရှင်းမ်ဂျယ်ယွန်းကတော့ ဆောင်ဟွန်းဖက်သို့ တစ်ဖန်လှည့်သွားပြန်ကာ ဗိုက်ပေါ်ခြေထောက်ခွတင်လျှက် ဖက်အိပ်နေပြန်သည်။

ဆက်အိပ်မရတော့သည်က alarm ပေးထားသော ဂျုံဆောင်းသာဖြစ်ရာ မြည်ခြင်းမရပ်တန့်နိုင်သော မိမိဖုန်းကို ဆွဲယူလျှက် ထို alarm ကိုပိတ်ပစ်လိုက်ရ၏။

ထိုအချိန်ထိ အလင်းစူးနေသော ဖုန်း screen ကို မျက်မှောင်ကြုံ့ကြည့်ရင်း သူ့မျက်လုံးတွေက အပြည့်အဝမပွင့်ချင်ခဲ့ပေ။

သို့သော် ရုတ်တရက် အသိစိတ်ကပ်နေသော အာရုံရေးရေးလေးမှ noti ဝင်နေသော စာတစ်စောင်အား ဖြတ်ခနဲမြင်လိုက်ရသည့် အခိုက်အတန့်၌မူ ဂျုံဆောင်း မျက်လုံးများက ဖြတ်ခနဲပြူးကျယ်သွားခဲ့ရတော့သည်။

ငေါက်ခနဲ ထထိုင်လိုက်မိသော အချိန်တွင် သူ့ဆံပင်များက ထိုးထိုးထောင်ထောင်ဖြစ်နေပြီး လူကမူ အမြင်မှားနေခြင်း ဟုတ်မဟုတ် သေချာစေရန် ဖုန်းအား အသေအလဲပြူးပြဲကြည့်နေမိခဲ့ပါ၏။

မမှားပေ။

Just_Jungwon ဟူသော acc လေးဆီမှ သူ့ဆီသို့ ဝင်နေသော dm တစ်စောင်သည် ညကပင် ပို့ထားခဲ့ခြင်း ဖြစ်ခဲ့တန်၏။

Message အား သူ ဝင်မကြည့်ရသေးသော်လည်း အပြည့်အစုံ noti ၌ ပါဝင်နေခဲ့ပြီးဖြစ်လေသည်။

📨 အစ်ကို ကျွန်တော်တို့စကားပြောကြည့်လို့ရမလား

သေစမ်း ! သေစမ်း !

Guide Us How To Date Where stories live. Discover now