ယွမ်ကျင်းက ဟွမ်းရှင်းကိုသဘောမကျတာမို့ ထိုဆရာမကပါ ဟွမ်းရှင်းကို အမြင်မကြည်စွာ မျိုးစုံအပြစ်ရှာကာ ဒုက္ခပေးတော့မှာမို့လို့ပင် ။သူတားနိုင်သည့်အရာမဟုတ်တာမို့ ချိုးတင်ကျယ်တစ်ယောက် စိတ်သိပ်အဆင်မပြေချေ ။ ဒီဆရာမဟာ အမျိုးမျိုးနှိမ်ချတတ်သော စကားများပြောပြီး စိတ်ထိခိုက်စေတတ်သည်မို့ ဖြစ်နိုင်သည်ဆို ဟွမ်းရှင်းကို သူနဲ့မဆုံစေချင်ပါ။
ဆရာမအသစ်အကြောင်းပြောနေရင်း ချိုးတင်ကျယ်က ရုတ်တရက်ကြီး ငြိမ်ကျသွားသည် ကို အကဲခတ်နေသည့် ဟွမ်းရှင်း သိလိုက်သည် ။ တစ်ခုခုကိုအလိုမကျနေဟန်ရှိသည်။
" ဟွမ်းရှင်း .. မင်း ဘယ်သူဘာပြောပြော ဂရုမစိုက်နဲ့နော် "
ချိုးတင်ကျယ်က စကားတစ်ခွန်းကို အစမရှိ ထပြောလေသည် ။
"ဘာလို့လဲ"
ဟွမ်းရှင်း မသိချင်ယောင်ဆောင်ကာ မေးလိုက်တော့ ချိုးတင်ကျယ်က သူ့အကြည့်တွေကို ရှောင်ချင်သလို ခေါင်းငုံ့ချပြီး လက်ထဲက ဘောပင်ကို အငြိမ်မနေစွာ ဆော့နေရင်း ပြန်ဖြေသည်။
" အမ်း ဒီတိုင်းပါ အခုဆရာမလဲ ကောင်းမလား ဆိုးမလား မသိဘူးလေ "
သေချာပြီ ။ ချိုးတင်ကျယ် သိထားတာရှိတယ်ဆိုတာ ။ သူဒီဆရာမကို ကောင်းကောင်းမှတ်မိတာမို့ပင် ။
ချိုးတင်ကျယ် ပြန်မွေးဖွားလာတာ ဟုတ်မဟုတ် မသေချာပေမယ့် ချိုးတင်ကျယ်က အနာဂတ်မှာဖြစ်လာမှာတွေကို ကြိုသိနေတာတော့ အမှန်တကယ်ဖြစ်သည့်ပုံ။ သို့ပေမယ့် မကောင်းသည့်ဆန္ဒမပါပဲ သူ့ကို မသိမသာနှင့် သတိပေးချက်တွေပေးနေလေသည်။ တကယ်လို့ ပြန်မွေးဖွားလာတာဆို ဒီလောက်ထိ အေးချမ်းနေနိုင်ပြီး သူ့ကိုကူညီပေးပါ့မလား။ ကူညီပေးစရာ ဘာအကြောင်းမှလဲမရှိပဲလေ ။
" ရှောင်ချိုး မင်းဘာလုပ်နေတာလဲ "
အတန်းထဲရောက်လာသည့် သူငယ်ချင်းတွေ ခေါ်လာတာမို့ ချိုးတင်ကျယ်တစ်ယောက် လက်လှမ်းပြလိုက်သည်။သူ့သူငယ်ချင်းတွေကတော့ ထူးဆန်းသည့်အကြည့်တွေနှင့် သူတို့နှစ်ယောက်ကိုကြည့်နေသည်။
ချိုးတင်ကျယ် ရူးသွားပြီလား ဆိုတဲ့ အကြည့်မျိုးလို့ ခံစားရသည် ။ ဘေးက ချိုးတင်ကျယ်ကို အကဲခတ်မိတော့ ထိုင်ရာကမထသေးပဲ အတန်းထဲ ဝင်လာသည့် ချင်မင်ကို လှမ်းနှုတ်ဆက်နေသည် ။
ချိုးတင်ကျယ်က သူ့ဘေးမှာထိုင်နေတာကို အရေးတယူမလုပ်ပဲ သာမန်အတန်းဖော်ရဲ့ ခုံမှာထိုင်နေသလိုပင် သူများမြင်မှာစိုးရိမ်စိတ်မရှိစွာ အခန့်သား ထိုင်နေသည် ။ ဒီခံစားချက်က ဟွမ်းရှင်းအတွက်တော့ မရင်းနှီးနေပါ ။ သူ့ဘေးကနေရာက အမြဲ ကျိန်စာသင့်နေသလို ဖြစ်တာမို့ သူဟာအမြဲတမ်း တစ်ယောက်တည်းသာ ။
" ချိုးတင်ကျယ် "
ခပ်တိုးတိုး သူ့နာမည်ကိုရေရွတ်မိတော့ ထိုကောင်လေးက ပြန်ထူးလာသည်။
" ဘာမှမဟုတ်ဘူး အတန်းစတော့မယ်"
သူ့သတိပေးသံကြောင့် စာအုပ်သိမ်းပြီး ကျေးဇူးတင်းကားပြောကာ ထသွားတဲ့အချိန် ဘေးနားက တစ်စုံတစ်ယောက်ဖြစ်တည်မှုဟာ ပပျောက်သွားတာမို့ အမြဲရှိနေကျ အထီးကျန်စရာကောင်းတဲ့နေရာဟာ ပုံမှန်ထက်ပိုပြီး အထီးကျန်သည်ဟု ခံစားလိုက်ရသည်။
______
နောက်ကျသွားလို့ ဆောရီးပါရှင် ဒီရက်ပိုင်းတအားစိတ်ကအတက်အကျများပြီး စာရေးဖို့ မုအတော်သွင်းနေရလို့ပါ😭 စာတွေပြန်မစစ်ထားလို့ မှားတာပါသွားရင် သည်းခံပေးပါရှင် နောက်အပ်ပဒိတ်ကတော့လာပါမယ် ဒီအပတ်ထဲမှာပဲ 🫰🏻🫶🏻
ဒီupdateလေးမြင်တော့ အံ့ဩသွားတာ အပိုင်း ၄တုန်းက ဝတ်ထားတာလေးနဲ့ မဆင်ဘူးလား အဝါနုရောင်လေးက ကိုယ်တိုင်သရုပ်ပြပေးသွားလို့ ပျော်နေတာ 🥹🧡
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
Main Character Shou Always Trying To Devour Me
FanfictionXingQiu မူလအစ ဇာတ်လိုက် Shou : ချိုးတင်ကျယ်နဲ့ လေတောင်တူတူမရှူချင် ။ အဖတ်လုပ်ပြီး စကားပြောဖို့ဆိုတာ ဝေးသေး ။ အခု ဇာတ်လိုက် Shou "ချိုးချိုး မလိမ်နဲ့ မင်း သူ့ကိုနမ်းခဲ့လား မှန်မှန်ဖြေ!! " သူ့ခါးပေါ်က လက်တစ်စုံက တဖြည်းဖြည်း တင်းကျပ်လာပြီး အလွန်သန်မာ...
အပိုင်း ၉
Start from the beginning
