အပိုင်း ၅

2K 235 77
                                        


ဟွမ်းရှင်း အိမ်ပြန်ရောက်တော့ ရန်ဖြစ်နေကြတဲ့ အဖိုးအဖွားလင်မယားနဲ့ ကြုံသည် ။ ပုံမှန်ဆို သူတို့ရန်ဖြစ်ရင် ကိုယ်တိုင်ထိခိုက်ခံကာ တားတတ်ပေမယ့် ဒီနေ့တော့ ဘယ်သူက ဘယ်သူ့ကိုသတ်မလဲ စိတ်ဝင်တစားနဲ့ကို ရပ်ကြည့်နေလိုက်သည် ။

အရွယ်အတော်ငယ်စဉ်မှာ အိမ်ထောင်ကျခဲ့ကြပြီး သူ့အမေကိုမွေးမွေးခဲ့တာမို့ အဖိုးအဖွားတွေမှာ အသက်သိပ်မကြီးသေးချေ ။ သန်မာဖျတ်လတ်ကြတုန်းမို့ ရန်ပွဲမှာလည်း ပြင်းထန်လေသည်။ ဟွမ်းရှင်းတစ်ခါတစ်လေစဉ်းစားမိသည် ဒီလိုစရိုက်ကြမ်းတမ်းလှတဲ့သူတွေက တကယ်ပဲ သူ့မိသားစုဝင်တွေဟုတ်နိုင်ပါ့မလားလို့ပင် ။ ငယ်စဉ်တည်းက သူတို့နဲ့ကြီးပြင်းလာခဲ့ရပေမယ့် ဟွမ်းရှင်းရဲ့စရိုက်လက္ခဏာက သူတို့နဲ့လုံးဝမတူချေ ။
ကောင်းတာတွေသင်ပြပေးမယ့်သူမရှိခဲ့တာတောင်မှ ဟွမ်းရှင်းဟာ သူတို့ရဲ့မကောင်းတဲ့စရိုက်တွေကိုတော့ဖြင့် လုံးဝမသင်ယူခဲ့ပါ ။

တံခါးဝမှာရပ်ကြည့်နေတဲ့သူ့ကိုမြင်တာနဲ့ ရန်ပွဲကခဏရပ်သွာူပြီး ဟွမ်းရှင်းကို ဒေါသငွေ့တွေနဲ့ကြည့်လာကြသည်။

" ဟွမ်းရှင်း ပိုက်ဆံတွေဘယ်မှာလဲ !! နင်ခိုးသုံးလိုက်တာလား ပြောစမ်း!! "

ဟွမ်းရှင်းကို လှမ်းဆွဲလိုက်တာ လက်သည်းတွေ သူ့လက်မောင်းမှာစိုက်ဝင်မတတ်ပင် နာကျင်စရာပင်။ ဟွမ်းရှင်းကတော့ မျက်နှာတစ်ချက်‌မပြတ် ။ လက်ကိုအားနဲ့တွန်းဖယ်ပေမယ့် အာဟာရအလုံအလောက်မရခဲ့သော ဟွမ်းရှင်းဟာ ရွယ်တူတွေနဲ့ယှဉ်ရင်တောင် အရပ်ပုကာ အရွယ်အစားသေးနေတာမို့ အားကထင်သလောက်အသုံးမဝင်ချေ။

" အဲ့ဒါ အဖွားပဲဖဲရိုက်ဖို့ယူသွားတာလေ "

သူပြောလိုက်တဲ့စကားအဆုံးမှာ အဖိုးက ဒေါသတကြီးနဲ့ အဖွားကို ဆွဲဆောင့်ကာ မျက်နှာက်ုအားနဲ့ရိုက်လေသည်။

" မကောင်းတဲ့မိန်းမ ငါနင်လုပ်တာမှန်းသိနေတယ် !!"

ပုံမှန်ဆို အိမ်အသုံးစားရိတ် ၊အိမ်လခအတွက် ဟွမ်းရှင်းက တာဝန်ယူရသည် ။ ပိုက်‌ဆံရှိရင်လည်းရှိသလို တောင်းကြပြီး မပေးရင်လည်းပြသနာရှာကြသေးသည်။ လူကြီးတွေမို့ e wallet တွေမသုံးတတ်တာမို့ ငွေသားအမြဲထားထားရသည်။  အခုပြသနာဖြစ်သည်က အဖိုးကအရက်သောက်ဖို့ငွေသားထားတဲ့နေရာမှာရှာသည့်အခါ တပြားမှမတွေ့တာမို့ အဖွားယူသုံးလိုက်ပြီ အထင်နဲ့ စဖြစ်ကြတာပင်။

Main Character Shou Always Trying To Devour Me Donde viven las historias. Descúbrelo ahora