ဟွမ်းရှင်း အတန်းထဲရောက်တော့အချိန်စောသေးတာမို့ အတန်းထဲ လူအနည်းငယ်သာရှိသည်။ သူလာတာကိုလည်း ဘယ်သူဂရုမစိုက်သလို သူကလဲ ဘယ်သူ့ကိုမှအကြည့်တစ်ချက်လေးပင်မပေးချေ ။ နောက်ကျိနေသော စိတ်ကြောင့် အခန်းထောင့်က သူ့ရဲ့ အပယ်ခံခုံလေးမှာ ထိုင်ချလိုက်ပြီး မှောက်အိပ်နေလိုက်သည် ။ တကယ်တော့အိပ်မပျော်ပါ ။
အချိန်ခဏအကြာမှာ အလျင်လိုနေတဲ့ခြေလှမ်းတွေက တိတ်ဆိတ်နေတဲ့အတန်းထဲ နေရာယူလာတာကြားလိုက်ရသည်။ ဘာသိဘာသာနေချင်ပေမယ့် ထိုခြေလှမ်းတွေက တဖြည်းဖြည်းသူ့ခုံဆီဦးတည်လာတာမို့ နားစွင့်နေမိသည်။
ခြေလှမ်းတွေနီးလာတာနဲ့အတူ မွေးပျံ့တဲ့ရနံ့တစ်ခုက သူ့ရဲ့အာရုံတွေကိုဖမ်းစားလိုက်သည်။
သူ့ခုံကို လက်နှင့် ဖြည်းဖြည်းလေးခေါက်လာတဲ့အသံရယ် သူရင်းနှီးသယောင်ရှိတဲ့ ကိုယ်သင်းနံ့လေးရယ်ကြောင့် မနေနိုင်ပဲ ထကြည့်လိုက်သည်။
" အတန်းဖော် ဟွမ်းရှင်း ဟို.. ငါ တောင်းပန်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးတာ "
ချိုးတင်ကျယ်လက်ထဲက အသားအပြည့်ညှပ်ထားတဲ့ ပေါက်စီတစ်ခုရယ် ပဲနို့ပူပူလေးတစ်ဘူးရယ်က အခုတော့ ဟွမ်းရှင်းရဲ့ ခုံပေါ်နေရာယူလို့နေသည်။
မုန့်ပေးသူကာယကံရှင်ကတော့ အားနာဟန် ကို့ရို့ကားယားဟန်တို့နှင့် သူ၏နားရွက်လေးတွေဟာလဲ နီရဲနေသည်။
" ဟွမ်းရှင်း ငါ အရင်ကမင်းအပေါ်လုပ်ခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်.. မင်း .. ခွင့်မလွှတ်လည်းရပါတယ် ဒါပေမယ့် ငါတကယ်တောင်းပန်တာပါ "
ဟွမ်းရှင်းကတော့ဘာတစ်ခွန်းမှမပြောပဲ သူ့ရဲ့ နီရဲလာမှုဟာ နားရွက်ဖျားကနေ လည်တိုင်ဖြူဖြူ ရောင်ခြယ်လာတဲ့အထိ ကြည့်နေမိသည်။ အတော်ကြာမှ တစ်ခွန်းမေးလာသည်။
" ခုနက ဒါသွားဝယ်တာလား "
မထင်မှတ်ထားတဲ့မေးခွန်းကြောင့် ကြောင်အမ်းသွားမိသည်။ တကယ်ပဲဇာတ်လိုက်ရဲ့ ဦးနှောက်လည်ပတ်ပုံကို သူနားမလည်န်ုင်ချေ။သို့ပေမယ့်လည်း နာခံစွာနှင့်ပင် ဖြေလိုက်သည်။
YOU ARE READING
Main Character Shou Always Trying To Devour Me
FanfictionXingQiu မူလအစ ဇာတ်လိုက် Shou : ချိုးတင်ကျယ်နဲ့ လေတောင်တူတူမရှူချင် ။ အဖတ်လုပ်ပြီး စကားပြောဖို့ဆိုတာ ဝေးသေး ။ အခု ဇာတ်လိုက် Shou "ချိုးချိုး မလိမ်နဲ့ မင်း သူ့ကိုနမ်းခဲ့လား မှန်မှန်ဖြေ!! " သူ့ခါးပေါ်က လက်တစ်စုံက တဖြည်းဖြည်း တင်းကျပ်လာပြီး အလွန်သန်မာ...
