" ချိုးတင်ကျယ် "
မနက်တူတူကျောင်းသွားဖို့ ပြောထားကြတာမို့ ဟွမ်းရှင်းချိန်းထားတဲ့နေရာကို လာတော့ ချိုးတင်ကျယ်က စောရောက်နေသည်။
မနက်စောစောအိပ်ချင်နေသေးတာမို့ ချိုးတင်ကျယ်ရဲ့ မျက်လုံးဝိုင်းဝိုင်းတွေက သာမန်အချိန်လို မဟုတ်ပဲ ငိုက်စင်းနေတဲ့ မျက်ခွံမို့မို့လေးတွေအောက် တစ်ဝက်လောက်က ပုန်းကွယ်နေကြသည် ။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ တိုင်တစ်တိုင်ကိုမှီပြီး သူ့ကိုစောင့်ရင်း အိပ်ငိုက်နေသည်လေ ။
" ဘယ်တုန်းကရောက်နေတာလဲ"
" အာ သိပ်မကြာသေးဘူး ခုနကမှ ဝါးးး"
ပြောနေရင်းတန်းလန်းထသမ်းသည်မှာ ကလေးတစ်ယောက်လိုပင် ။ ချိုးတင်ကျယ်ရဲ့ မျက်နှာက တကယ်ကို ဆုတောင်းကောင်းခဲ့ပုံပင် ။ ဘာလုပ်လုပ် မျက်စိထဲ ကြည့်မကောင်းဘူး
ဆိုတာ မရှိနေသောသူကို ခုမှ မြင်ဖူးသည်။
အရင်ဘဝကတော့ အဖတ်လုပ်ပြီးမကြည့်ခဲ့တာကြောင့် သာမန်ကာလျှံကာပဲ ထင်ခဲ့ပေမယ့် အခုသေချာကြည့်မိတော့ တကယ်ကို ကြည့်ကောင်းသည်ပဲ ။
"သွားရအောင် "
နှစ်ယောက်သားတူတူလျှောက်လာခဲ့ပေမယ့် တစ်ယောက်က အိပ်ငိုက်နေကာ တစ်ယောက်က ခြေထောက်နာနေသည့်ဇာတ်ကောင်သရုပ်ဆောင်နေသည်မို့ ဖြည်းဖြည်းချင်း နှေးကွေးစွာ လျှောက်လာကြသည်။
လမ်းလျှောက်လာရင်း ကျင်းလီလီတို့လျှောက်လာတာကို ဟွမ်းရှင်းက အရင်မြင်လိုက်ပေမယ့် ထွေထွေထူးထူး ဂရုမထားမိချေ။ နောက်မှမြင်လိုက်တဲ့ ချိုးတင်ကျယ်ကတော့ အိပ်ချင်စိတ်ပါပြေကာ ဟွမ်းရှင်းလက်မောင်းကိုလှမ်းဆွဲပြီး ဘေးက နံရံမှာ ပြေးပုန်းလိုက်သည်။
အိပ်ချင်မူးတူးကနေ အခုအပြည့်အဝပွင့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းတွေက သမ်းထားတာမို့ မျက်ရည်စလေးတွေ အရောင်လက်နေသည် ။ အနည်းငယ်ပွင့်ဟနေသည့် နှုတ်ခမ်းဖူးဖူးလေးက ဟွမ်းရှင်းစိတ်အာရုံကို အတော်ဖမ်းစားမိသွားသည်။ဘာဆေးရောင်မှမခြယ်ထားပဲကို နီစွေးစွေး ဖြစ်နေကာ ယောကျာ်းလေးတစ်ယောက်ရဲ့ နှုတ်ခမ်းက ဒီလောက်လှဖို့လိုရဲ့လား ဟုတွေးမိသွားသည်။
YOU ARE READING
Main Character Shou Always Trying To Devour Me
FanfictionXingQiu မူလအစ ဇာတ်လိုက် Shou : ချိုးတင်ကျယ်နဲ့ လေတောင်တူတူမရှူချင် ။ အဖတ်လုပ်ပြီး စကားပြောဖို့ဆိုတာ ဝေးသေး ။ အခု ဇာတ်လိုက် Shou "ချိုးချိုး မလိမ်နဲ့ မင်း သူ့ကိုနမ်းခဲ့လား မှန်မှန်ဖြေ!! " သူ့ခါးပေါ်က လက်တစ်စုံက တဖြည်းဖြည်း တင်းကျပ်လာပြီး အလွန်သန်မာ...
