အပိုင်း ၉

Start from the beginning
                                        

ချိုးတင်ကျယ်ရဲ့ လိမ်ညာနိုင်စွမ်းကတော့ အနုတ်လက္ခဏာပြကာ ဘာတွေပြောနေမှန်းမသိပေမယ့် ဟွမ်းရှင်းခေါင်းငြိမ့်ပြလိုက်သည် ။

" အွန်း ကောင်းတယ် သွားရအောင် "

ကျေနပ်သွားတဲ့ပုံနဲ့ နောက်ကိုလှည့်ပြီး ခရီးဆက်ဖို့ပြင်နေသည့် သူကတော့ ဟွမ်းရှင်းရဲ့ မျက်လုံးတွေ စူးရှလာတာကို မမြင်နိုင်ချေ ။

' ချိုးတင်ကျယ်ဟာ တကယ်ပဲ တစ်ခုခုကိုသိနေတာပဲ '

__

ကျောင်းနားကိုရောက်တော့မှ ချိုးတင်ကျယ်တစ်ယောက် သူ့နဖူးသူ ရိုက်ကာ ရုတ်တရက်ရပ်တန့်သွားသည်။

" သေပါပြီ အိမ်စာလုပ်ဖို့ မေ့နေတာ! "

" ဘာအိမ်စာလဲ "

" သင်္ချာ .. အခုမှတွက်ရင်မမှီတော့ဘူး ငါသင်္ချာမရဘူးး "

မျက်နှာလေးမဲ့မဲ့ပြီး စိတ်ညစ်နေပုံက တစ်ဖက်လူကို လျစ်လျူရှုဖို့ခက်စေသည် ။

" ငါလုပ်လာတယ် မင်း... ကူးလိုက် "

သူ့စကားကြားတော့ ချိုးတင်ကျယ်တစ်ယောက်မျက်လုံးပြူးသွားသည် ။ ဟွမ်းရှင်းက တကယ်တမ်းကျ သဘောကောင်းတဲ့သူပဲ ။ ဝတ္ထုထဲတော့ မရေးထားတာမို့ ဒီလိုအသေးစိတ်တွေတော့ မသိတာမဆန်းပါ။

အလုပ်တစ်ဖက်နဲ့ ပင်ပင်ပန်းပန်းကျောင်းတက်သည့် ဟွမ်းရှင်းဟာ အတန်းရဲ့ အပယ်ခံလေးဖြစ်ပေမယ့် အမြဲ 1 to 10 ထဲဝင်တာမို့စာတော်သည့်အထဲ ပါသည် ။

အတန်းထဲရောက်တာနှင့် ဟွမ်းရှင်းစားပွဲနားကို ထိုင်ခုံတစ်ခုဆွဲကာ ကပ်ထိုင်လိုက်သည်။ ဟွမ်းရှင်းက အစက စာအုပ်ကိုပဲငှားပြီး ကူးစေမလို့ပင်။ အတန်းထဲမှာ သူ့ရဲ့ အပယ်ခံစားပွဲခုံနား ဘယ်သူမှမထိုင်ကြတာ ကြာလှပြီလေ ။ ချိုးတင်ကျယ်ကတော့ ကျကျနန နေရာယူကာ စာအုပ်ကိုဖွင့်ပြီး အမြန်ကူးနေလေသည်။

" ဟင် ဒီနားက ဘာလို့ အဲ့လိုတွက်တာလဲ "

ကူးနေရင်းစာကိုလက်နဲ့ထောက်ကာ မေးတော့ ဖတ်လက်စ စာအုပ်ကိုချကာ ရှင်းပြပေးဖို့ ခဲတံကိုကောက်ကိုင်လိုက်သည် ။
ဟွမ်းရှင်း ရှင်းပြလိုက်တော့ ခဏလေးအတွင်းပင် နားလည်သွားသည်။

Main Character Shou Always Trying To Devour Me Where stories live. Discover now