အပိုင်း ၉

Comenzar desde el principio
                                        

" ဟူး "

သူစိုက်ကြည့်နေမိတုန်းမှာပဲ သက်ပြင်းချလိုက်တာ‌မို့ ပါး မို့မို့နှစ်ဖက်က ဖောင်းသွားသည်မှာ guinea pig‌လေးလိုပင်။
။ သူအလုပ်လုပ်နေတဲ့ ဆိုင်က ပိုင်ရှင်မွေးထားတာမို့ အမြဲ တွေ့နေရတဲ့ guinea pig လေးကို မြင်ယောင်မိတာမို့ နဂိုအပြုံးအရယ်မရှိတဲ့ ဟွမ်းရှင်းရဲ့ မျက်လုံးထဲ အပြုံးအရိပ်အယောင်လေးတစ်ခု ပေါ်လာကာ လူမိမှာစိုးသည့်နှယ် ‌ထွက်ပြေးသွား‌လေသည်။

" ဘာလို့ပုန်းနေတာလဲ "

သူ့လက်မောင်းပေါ်က လက်ဖဝါးရဲ့ အပူချိန်ဟာ ‌ခပ်နွေးနွေးနှင့်သက်တောင့်သက်သာရှိနေသည်။  ထူးဆန်းစွာပင် အန်ချင်စိတ်မပေါက်မိပဲ မနေတတ်တာမျိုးသာခံစားရသည် ။

" အာ ဆောရီး ဆောရီး "

အခုမှသတိထားမိဟန်ဖြင့် အမြန်ပြန်ရုပ်သိမ်းသွားတဲ့ လက်ဖဝါးကြောင့် နှမြောတသဖြစ်မိသလိုပင် ။

ချိုးတင်ကျယ်‌ကတော့ အားနာဟန်ဖြင့် သူ့လက်ကို အနောက်ကိုပို့လိုက်သည် ။

"ကျင်းလီလီ .. သူနဲ့ ထိပ်တိုက်မတွေ့တာကောင်းမယ် "

ချိုးတင်ကျယ်က လေးလေးနက်နက်ပြောနေပုံရတာမို့ ဟွမ်းရှင်း စိတ်ထဲ သိချင်စိတ်တို့ဖြစ်လာမိသည်။

" ဘာလို့လဲ ... မင်း သူ့ကိုကြိုက်နေသေးလို့လား "

အသံကို ခပ်တိုးတိုးသာ ပြောတတ်တဲ့ ဟွမ်းရှင်းရဲ့အကျင့်ရယ် အနားက သွားလာလှုပ်ရှားနေတဲ့အသံတွေကြောင့် သေချာမကြားရတာမို့ နားကို တိုးကပ်ပြီး နားထောင်လိုက်တော့ ဟွမ်းရှင်းတစ်ယောက် ကြောင်သွားသည်။

နားရွက်လေးတွေကအစ ပန်းရောင်နုနုခြယ်ကာ မှဲ့နက်သေးသေးလေးတစ်ခုကပါ နားရွက်အဖျားလေးမှာ နေရာယူထားလေသည် ။

" ဘာလို့လဲ လို့မေးတာ "

" ဪ .. အဲ့ဒါက "

ဘယ်လိုဖြေပေးရမလဲ ..တည့်တိုးဖြေပေးလို့လဲမရတော့ ခေါင်းနည်းနည်းကုတ်မိသည် ။

" သူ့မိသားစုကနည်းနည်း .. အာ ဒီတိုင်း သူ့ကိုရှောင်နေလိုက်လို့မရဘူးလား မင်းအတွက်မကောင်းဘူး ဟိုတစ်ခါကလည်း လူဆိုးတွေနဲ့လေ "

Main Character Shou Always Trying To Devour Me Donde viven las historias. Descúbrelo ahora