Can you date with me ?

Start from the beginning
                                    

Hun '' Hyung..Hyung ထွက်မသွားဘူး နော် ´´

သတိရရချင်း ထဖက်တဲ့ Hun ကြောင့် Luhan ကြောင်နေမိတာတော့အမှန်။ Hun က ကျွန်တော့်ကို Hyung တဲ့။ ဒီကလေး ကျွန်တော် ထွက်သွားပီဆိုပီး လန့်သွားပုံပဲ။ ခုတော့လဲ အမြဲ ကျွန်တော်ထွက်သွားဖို့ ရန်ထောင်နေတာ သူမဟုတ်သလိုပါလား။

Luhan '' Hyung ကဘယ်ကို ထွက်သွားရ မှာလဲ။ Hyung ထွက်သွားပီထင်လို့လား ´´

Dr တွေလဲ သူတို့၂ယောက်အခြေအနေကို ကြည့်ပီး ရှောင်ထွက်ပေးကြတယ်။

Hun '' ကျွန်တော့်ကို ၁ယောက်တည်းထား ပီး ထွက်သွားပီထင်နေခဲ့တာ Hyung ထွက်မသွားပါနဲ့နော် jalpa ´´

Luhan '' ထွက်မသွားပါဘူး Hun ရဲ့ ခုအနားမှာရှိနေပီပဲ မငိုနဲ့တော့နော် ´´

Hun ခေါင်းညိတ်ကာ Luhan ကို လွှတ်ပီး  မျက်နှာကိုလှမ်းကြည့်တော့

Hun '' Hyung ငိုနေတာလား ဘာလို့လဲ ကျွန်တာ့်ကို စိုးရိမ်လို့လား ? ´´

Luhan အဲ့တော့မှ ကိုယ့်ကိုယ်ကို သတိထား မိတယ်။ Hun သတိလစ်နေတာမြင်ပီး ပြာယာခတ်သွားမိတာ ဘယ်တုန်းက ကျနေမှန်းမသိတဲ့ မျက်ရည်တွေ ပါးပြင်မှာ ရွှဲရွှဲစိုနေလေရဲ့။

Luhan '' ဟို ... ဟိုလေ ´´

Hun '' ဒါနဲ့ Hyung ခုနက ဘယ်သွားနေ တာလဲ ဟင် ´´

Luhan '' ဟို Mart ခဏသွားတာ ဝယ်စရာလေးရှိလို့ အဲ ခုမှ သတိရတယ် အထုပ် ပြုတ်ကျနေခဲ့တာပဲ Hyung သွားယူလိုက်ဦး မယ် ´´

အမှန်တော့ Hun စကားလွဲလိုက်တာပါ။ Hk ကျွန်တော် တော်တော် လောဘကြီးနေမိတာပဲ Hyung အပေါ် အရင်က ဘယ်လောက်ကောင်းခဲ့တာ ရှိလို့ ကျွန်တော့်ကို စိတ်ပူရမှာလဲ။ Hyung ထွက်မသွားတာတောင် ကျေးဇူးတင် ဖို့ကောင်းနေပီလေ။

Luhan အခန်းထဲမှ မြန်မြန်ထွက်လာလိုက် တယ် ဘာပြောရမှန်းမှမသိတာလေ။ အခန်းပြင်ရောက်တော့ သန့်စင်ခန်းကို ထွက် လာလိုက်တယ်။ သန့်စင်ခန်းရောက်တော့ မှန်ထဲမှာမြင်တဲ့ ကိုယ့်ပုံကို ကြည့်ပီး အံ့သြမိရဲ့။ အတူနေလာတဲ့ ကာလအတွင်း Hun အပေါ် သံယောဇဉ်တွေ တိုးလာခဲ့တာပဲ။

Luhan အခန်းဆီပြန်လာတော့ round လှည့်နေတဲ့ Dr နဲ့အခန်းရှေ့မှာ ပြန်ဆုံဖြစ်တယ်။

Poisonous LoveWhere stories live. Discover now