" အာ အင်း အခုသွားဝယ်မှရမှာမို့လို့ မဟုတ်ရင် ကုန်သွားမှာ "
ဟွမ်းရှင်းဆီမှာ ခုနက ဝယ်ပေးထားတဲ့ milk tea ဘူးမတွေ့ရတော့တာမို့ ကုန်သွားပြီ ယူဆလိုက်သည်။
" ပဲနို့က ကောင်းတယ်ဆိုလို့ဝယ်လာတာ ခုနက milk tea အကုန်သောက်လိုက်တယ်ဆို ခု ပေါက်စီပဲစားတာပိုကောင်းမယ် "
ဆရာလုပ်ပြီးမှ သတိဝင်သွားဟန်နှင့် သူ့ကိုယ်ပြန်ထိန်းကာ စကားကိုဖာရသည်။
" အာ မဟုတ်ဘူး မင်းစိတ်တိုင်းကျလုပ်ပါ ငါ..ငါသွားတော့မယ် "
သွားဖို့ပြန်လှည့်တုန်း ဟွမ်းရှင်းဆီက အသံတိုးတိုးကြားလိုက်ရသည်။
"Milk tea မသောက်လိုက်ရဘူး ပြုတ်ကျသွားလို့ "
" ဟမ် ဟုတ်လား "
အနောက်ပြန်လှည့်လာပြီး အူတူတူလေးမေးလာသည်။
ဗိုက်ကိုမသိမသာဖိရင်း ပြောနေသူက မြင်ရသူ သနားစိတ်ဝင်အောင် ပိန်ပါးနေသည်။
" ငါညနေကျရင် ပြန်ဝယ်တိုက်မယ်လေ မကောင်းဘူးလား"
အတွေးမဆုံးခင် ပါးစပ်ကစကားကအရင်ထွက်သွားသည်။
" အင်း "
ငြင်းမယ် ထင်ပေမယ့် လက်ခံလိုက်တာမို့ အံ့ဩမိပေမယ့် တစ်ဆက်တည်းမှာပဲ စိတ်အေးသွားရသည် ။ ဒီလိုဆို ဟွမ်းရှင်းက သူ့ကိုခွင့်လွှတ်တာလား ? အတွေးတလည်လည်ဖြစ်နေတဲ့ကောင်လေးက သူ့မျက်နှာ အမူအရာကို အဆက်မပြတ်ကြည့်နေတဲ့ ကောင်လေးရဲ့အကြည့်တွေကိုတော့သတိမထားမိချေ ။
'ငတုံးလေး'
______
" ချိုးတင်ကျယ် ဒီဘက်ကိုပေး !"
ဘောလုံးကွင်းထဲ ကျောင်းသားတွေ ဘောလုံးကန်နေကြသည်မှာ အားကြိုးမာန်တက် ။
ဘောလုံးကို အသင်းတူဘက်လှမ်းပေးလိုက်တဲ့ချိုးတင်ကျယ်ဆိုတဲ့ကောင်လေးက ငယ်ရွယ်မှုအပြည့်နှင့် ဘောလုံးပွဲလာပေးတဲ့ ကျောင်းသူကျောင်းသားတွေရဲ့မျက်လုံးထဲ တောက်ပနေသည်။ ချောမောတဲ့ရုပ်ရည်လေးရှိတဲ့အပြင် အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ချိုးတင်ကျယ်က အချောအလှစာရင်းဝင်ပေမယ့် မူလချိုးတင်ကျယ်က ကျောင်း လူဆိုး ဖြစ်ကာ အမြဲ မှုနိကုတ်ကုတ်ရှိတတ်တာမို့ သူ့ရဲ့ ချောမောမှုက သိပ်မပေါ်လွင်ခဲ့ပေ။ အခုချိုးတင်ကျယ်က ပိုပြီး လူမှုရေးကောင်းလာကာ လူတိုင်းနဲ့အဆင်ပြေပြီး အမြဲအပြုံးအရယ်ကိုမနှမြောတတ်သူမို့ ပိုပြီးလူချစ်လူခင်ပေါလာသည် ။
" ဝါး ချိုးတင်ကျယ် အရမ်းချောတာပဲ "
အတန်းထဲ မှောက်အိပ်နေတုန်း ကောင်မလေးတွေပြောနေသံကြားတာမို့ အိပ်နေရာကထပြီး မသိမသာ ပြတင်းပေါက်အပြင်ကနေ လှမ်းကြည့်လိုက်တော့ ဘောလုံးကွင်းထဲ ချွေးတပြိုက်ပြိုက်ကျတဲ့အထိ ဆော့နေတဲ့ ချိုးတင်ကျယ်ကိုတွေ့လိုက်ရသည်။ အဆော့မက်သည့် ခွေးပေါက်လေးလိုပင် ဆံပင်တွေဟာပွရှုပ်နေပြီး တအားဆော့ထားတာမို့ တစ်ကိုယ်လုံး ညစ်ပေနေသည်။ ဒါပေမယ့် မျက်စိထဲကြည့်ရမဆိုးနေ။
ချိုးတင်ကျယ်က အရင်သူသိခဲ့တဲ့ချိုးတင်ကျယ်နဲ့မတူချေ။ အတော်ကို ခံစားချက်မတူချေ။ မတူညီတဲ့လူနှစ်ယောက်လိုပင်။သူ့လိုပဲ ပြန်မွေးဖွားလာတယ်လို့ သံသယရှိပေမယ့် ဒါအတွက် သေချာတဲ့ သက်သေကလဲမရှိနေ။ ပိုဆိုးတာက လောလောဆယ် သူ့အာရုံစိုက်မှုတွေက ချိုးတင်ကျယ်ဆီကို မထင်မှတ်ပဲ ခဏခဏရောက်နေသည်။ ထားလိုက်ပါတော့ အကြောင်းပိုသိရအောင် နီးစပ်ကြည့်ရင်လည်း မဆိုးပါဘူး ။ ဘာပဲဖြစ်ဖြစ် ချိုးတင်ကျယ်သာ အရင်ကလိုထပ်လုပ်ရင် အရင်ကလို ပြန်အဆုံးသတ်စေလိုက်ရုံပင် ။
______
အားလုံးပဲဆောရီးပါရှင် အရမ်းတိုတာသိပါတယ် ထပ်စောင့်နေရမှာစိုးလို့ အမွှန်လွန်ပြီး အလုပ်ရှိနေတာကို မလုပ်ရသေးတာနဲ့ အချိန်ကလုနေရလို့ပါ ။ နောက်တစ်ပိုင်း အားရအောင်အများကြီးရေးပေးမယ် ကတိ 😭😭🫰🏻💕
YOU ARE READING
Main Character Shou Always Trying To Devour Me
FanfictionXingQiu မူလအစ ဇာတ်လိုက် Shou : ချိုးတင်ကျယ်နဲ့ လေတောင်တူတူမရှူချင် ။ အဖတ်လုပ်ပြီး စကားပြောဖို့ဆိုတာ ဝေးသေး ။ အခု ဇာတ်လိုက် Shou "ချိုးချိုး မလိမ်နဲ့ မင်း သူ့ကိုနမ်းခဲ့လား မှန်မှန်ဖြေ!! " သူ့ခါးပေါ်က လက်တစ်စုံက တဖြည်းဖြည်း တင်းကျပ်လာပြီး အလွန်သန်မာ...
အပိုင်း ၇
Start from the beginning
