အပိုင်း ၅

Start from the beginning
                                        

_____

ဒီနေ့ရဲ့ mission ကတော့ ဟွမ်းရှင်း အသိတစ်‌ယောက်
ချိန်းထားတာကိုသွားရတဲ့နေရာက ပါတီမှာ ပစ္စည်းပျောက်တာနှင့်ပတ်သတ်ပြီး ဖြစ်တာပင် ။ ပြသနာဆိုသည်မှာ ဟွမ်းရှင်းကိုအတော်ချစ်သည့်ပုံပင် ။ အပိုင်းတစ်ရာကျော်ပါတဲ့မိသားစုဒရာမာထဲက မင်းသမီးတောင် ဒီလောက် ဇာတ်မနာပေ။ တကယ်ကိုပဲ ဟွမ်းရှင်းက လူ့ပြည်လာပြီးဒုက္ခခံနေရသည့် နတ်များလား ။

အစကဘာပြသနာမှမရှိပေမယ့် ပါတီကျင်းပသူရဲ့ ကောင်မလေးက ဟွမ်းရှင်းကို ကြာကြာလိုက်ကြည့်နေမိတာမို့ သဝန်တိုပြီး သက်သက်ပြသနာရှာတာဖြစ်သည်။ အဲ့လိုနှင့် နာမည်ပျက်ကြီးတစ်ခုတွင်ရပြန်သည်။

ပြသနာကသိပ်မကြီးတာမို့ အလွယ်ကူဆုံးနည်းဖြင့်ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်။ ကလပ်ထဲမှာလုပ်သည်မို့ မီးရောင်စုံတွေကြား လူတစ်ယောက်နဲ့တစ်ယောက် သဲသဲကွဲကွဲမမြင်နိုင်ပေ။ သောက်စရာတွေပို့တဲ့စားပွဲထိုးအနောက်ကနေကပ်လိုက်ပြီး အခန်းထဲသို့ ကပ်ဝင်လိုက်သည်။

ပါတီကလဲလူများတာမို့ ဘယ်သူကမှ လူပိုတစ်ယောက်ရှိနေတာသတိမထားချေ။ ချိုးတင်ကျယ် ရင်ထဲမှာ‌တော့ အိုးစည်ဗုံမောင်းတွေ တီးနေလေပြီ ။ မူးနေပြီဖြစ်တဲ့ ပါတီရှင်ရဲ့ ခွက်ထဲ မသိမသာနှင့် ‌ခဏအတွင်းအာနိသင်ရှယ်ပြနိုင်တဲ့ ဝမ်းနှုတ်ဆေးမှုန့်အနည်းငယ် ထည့်ပေးလိုက်သည်။ ထို့နောက်မှာတော့ ခပ်တည်တည်နှင့် အခန်းထဲက ထွက်ကာ ကလပ်အပြင်ဘက် ပြေးလေတော့သည်။

တစ်ခါမှဒီလိုအလုပ်မျိုးမလုပ်ဖူးပေ ။ သူကဘယ်သူနဲ့မှရန်ငြိုးမရှိဖူးသလို ဒါမျိုးလုပ်ဖို့လည်း မတွေးမိချေ ။ ဟွမ်းရှင်းကြောင့်သာ လုပ်ရတာဖြစ်သည်။ အိုင်း ထားပါတော့ လူတစ်ယောက်ကို ကူညီရတာလဲ ကောင်းတဲ့အလုပ်ပါပဲလေ ။

အတွေးများရင်းထွက်ပြေးတုန်း လူတစ်ယောက်ကိုတိုက်မိလေသည်။ ထိုလူကသူ့ထက်အရွယ်သေးနေတာ မြင်တော့ အလိုလိုတုန့်ပြန်မှုအရ ဆွဲလှည့်လိုက်ကာ သူ့ကိုယ်သူ အောက်ကျစေလိုက်ပြီး ထိုသူကတော့ သူ့အပေါ် မှောက်လျက်ကျလေသည်။

" အာ့ "

ခေါင်းနဲ့မြေကြီးထိပြီထင်သွားပေမယ့် လက်ဖဝါးတစ်စုံက သူ့ခေါင်းအနောက်ကို လှမ်းကာပေးထားလေသည်။

" တောင်းပန်ပါတယ် ကျွန်တော်မမြင်လိုက်လို့ "

သူအမြန်တောင်းပန်ရင်း ထဖို့ သူ့အပေါ်ကလူကိုမသိမသာတွန်းထုတ်ပေမယ့် ထိုသူက မထသေးချေ။ လမ်းမီးရောင် အနည်းငယ်ကို အားကိုးရင်း သူ့အပေါ်ကလူကို အကဲခတ်မိတော့ စိတ်ထဲရင်းနှီးနေသလိုပင် ။ ထိုသူ မျက်နှာတဖြည်းဖြည်းမြင်ရလာချိန်မှာတော့ ချက်ချင်းကို ‌ထအော်မိတော့မတတ်ပင်။

" ဟွမ်းရှင်း ??!!"

____

ကဲ ပျော်သွားကြပြီမလား အစကမနက်ဖြန်မှ အပ်ပဒိတ်မလို့တွေးထားတာ 🤭အတွဲတို့  ဇာတ်လမ်းစပါပြီ ။ ဟွမ်းရှင်းရဲ့ ကာရိုက်တာကို ဘယ်လိုမြင်ကြလဲ ကျဲမေ့တို့ ။ မဖော်ပြရသေးတဲ့ မြုပ်ကွက်တွေလည်းရှိတယ် ။ သဲလွန်စတွေတွေ့မလားကတော့ ‌စောင့်ကြည့်မယ်နော် နောက်အပိုင်းတွေလည်း ။

အပိုင်း ၄မှာ တောင်းဆိုထားသလို အပ်ပဒိတ်ပါလို့ပဲ‌မပြောပဲ သေချာလေး feedback ပေးကြလို့ တကယ် စိတ်ချမ်းသာပြီး တစ်ပိုင်း ထပ်အပ်ပဒိတ်လိုက်တာ ။ ပြောတယ် မလိမ်ဘူးနော် ။ စာရေးသူကိုပျော်အောင်ထားရင် ပြန်ပြီးပျော်အောင်ထားပေးမှာပါ 🤭 တစ်ပတ်နှစ်ပိုင်းတော့ ရအောင် အပ်ပဒိတ်ပါမယ် ပိုများမများကတော့ မုအရပါပဲ 🥹💕

ရှေးခေတ်သိုင်းကားဖန်တစီစတိုင်လေးကိုမှ အရမ်းမိုက်တဲ့ရှင်းရှင်းနဲ့ ချစ်စရာချိုးချိုးကိုဖတ်ချင်ရင် Wallထဲမှာ Serene ဆိုတာလေးရှိပါတယ် ကြော်ငြာလေးပါ။ ချိုးချိုး ချစ်စရာလေးမှ ဆိုတဲ့သူတွေကတော့ အကြိုက်ဖြစ်မှာပါရှင်။ နောက်တစ်ပုဒ်ကတော့လက်ရှိနားထားလို့ကြော်ငြာမဝင်ပါ 🥹



Main Character Shou Always Trying To Devour Me Where stories live. Discover now