အပိုင်း ၅

Start from the beginning
                                        

" ငါတို့ပူးပေါင်းလိုက်ရင် ဘာမှမခက်ဘူး မင်းလိုချင်တဲ့ ကျန်းရှောင်လီလဲ သူမရှိတော့ရင် မင်းကိုစိတ်ဝင်စားလာမှာပဲ "

ချိုးတင်ကျယ် မျက်လုံးတွေတစ်ပတ်လှည့်မိတော့မလိုပင် ။ ဘယ်လိုသောက်ရူးအတွေးကြီးလဲ ။

ကျန်းရှောင်လီကဟွမ်းရှင်းရှိရှိမရှိရှိ မူလချိုးတင်ကျယ်ကို မကြိုက်ပေ ။ ကြိုက်လာမယ်လဲမထင်။ ပြီးတော့ သူကလဲ မူလချိုးတင်ကျယ်မဟုတ်တာမို့ လိုလဲမလိုချင်။ တကယ်ကိုပဲ မူရင်းဝတ္ထုမှာဒီနေရာမဖော်ပြထားလို့မသိပေမယ့် မူလချိုးတင်ကျယ်သာ တကယ်ကိုဒီသောက်ရူးကမ်းလှမ်းမှုကြီးကို လက်ခံခဲ့တာဆိုရင်တော့ အတော်လေးကို ခံရတာတောင်နည်းသေးတယ် ‌တွေးမိသည် ။ဘယ်ဘက်ကကြည့်ကြည့် သူ့ဘက်က ဘာအမြတ်မှမရှိတာကိုလေ ။

" ငါ ကျန်းရှောင်လီကိုလည်းမကြိုက်တော့ဘူး ၊ အခုကစပြီး စာပဲလုပ်တော့မှာ "

အလွန်ရိုးသားတဲ့ပုံလေးနဲ့ ပြောနေပုံက ယုံကြည်ချင်စရာကောင်းလှသည်။ တစ်ကျောင်းလုံးရဲ့  ဘိတ်ချေး 1 to 10ကလေ?

အဲ့အချိန်မှာပင်ကျောင်းတက်ခေါင်းလောင်းထိုးသည်မို့ ချိုးတင်ကျယ်အမြန်ပြေးသွားတော့သည်။

အတန်းထဲမှာတော့ ဟွမ်းရှင်းကထုံးစံအတိုင်း အခန်းထောင့်မှာ ထိုင်နေသည်။ သူ့ပုံစံကြည့်ရတာ တစ်နေ့တစ်နေ့ပိုပိန်လာသလိုပင် ။ စာသင်ချိန်အပြီး နေ့လည်စာစားချိန်မှာလည်း ဘယ်တော့မှလာမစားချေ ။ ကျောင်းကန်တင်းမှာက တစ်လစာပေးပြီးဝယ်စားရတာမို့ ဟွမ်းရှင်းက ပိုက်ဆံချွေတာကာ မစားပေ။ ထမင်းဘူးလည်း ထည့်ဖို့အချိန်မရှိချေ။ တစ်ခါတစ်လေ ပေါင်မုန့် နဲ့ ရေ ၊ တစ်ခါတစ်လေ နွားနို့တစ်ဘူး ၊ တစ်ခါတစ်လေ ဘာတစ်ခုမှမစားပဲ အိပ်ရင်အိပ် မအိပ်ရင်စာလုပ်နေတတ်သည်။

ဒီလိုမြင်ရတော့ အစားသမားလေး ချိုးတင်ကျယ်တစ်ယောက် စိတ်မကောင်းဖြစ်မိသလိုပဲ ။ ဘာဖြစ်ဖြစ်ဟွမ်းရှင်းက ကလေးပဲရှိသေးတာကို အစားတောင်ဝဝမစားရသည်မှာမကောင်းလှ။

ဒီလိုနှင့် သူဌေးသားလေးချိုးချိုးတစ်ယောက် နေ့တိုင်း မုန့်လှူဒါန်းသည့် အမှုကို စလုပ်တော့သည်။

Main Character Shou Always Trying To Devour Me Where stories live. Discover now