အပိုင်း ၅

Beginne am Anfang
                                        

" ငါမလုပ်ဘူး ဟွမ်းရှင်း နင်လိမ်ရဲတယ် !!"

" ကောင်မစုတ် နင့်ပါးစပ်ကိုပိတ်ထားစမ်း!!" စကားအဆုံးမှာ ရိုက်နှက်သံတွေနဲ့ အော်ဟစ်နေသံ‌များသာ ပြည့်နှက်နေတော့သည်။

ဟွမ်းရှင်းတစ်ယောက်အခန်းထဲကိုဝင်ပြီး တံခါးကိုလော့ချလိုက်သည်။ ပြီးနောက် ကုတင်ပေါ်ထိုင်ချလိုက်ပြီး တဖြည်းဖြည်း သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။

ဟုတ်သည် အဖွား ထိုပိုက်ဆံကိုမယူခဲ့ပါ ။

သူတမင်လိမ်လိုက်တာဖြစ်သည်။ ထိုပိုက်ဆံတွေကို သူသိမ်းထားလိုက်တာကြာပြီ ။ ဒါကအစပဲရှိသေးသည်။ နောက်ကျရင် ပိုကျေးဇူးဆပ်ပေးမှာမို့လို့ ။

______

"ချိုးတင်ကျယ်!"

အားကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ ဘတ်စ်ကတ်‌ဘောဆော့နေသည့် ချိုးတင်ကျယ်ဟာ ချွေးတွေရွှဲနေတာတောင်မှ ကြည့်ကောင်းလှသည် ။ ရယ်လိုက်တိုင်းပေါ်လာသည့် သွားစွယ်ကလေးတွေဟာ တစ်ချက်တစ်ချက် သူတို့ ပိုင်ရှင်ရဲ့ချစ်စရာကောင်းမှုကို ဖွင့်လှစ်ပြနေသည်။ ထိုကောင်လေးဟာ နေရောင်ခြည်လေးလိုပင် ။

သူ့နာမည်ခေါ်လို့ လှမ်းကြည့်လိုက်တော့ ယွမ်ကျင်း ။ ခုနက နေရောင်ခြည်လေးဟာ ထို့လူကိုမြင်တာနဲ့ ချက်ချင်းကို မိုးအုံ့လာကာ ပျောက်ကွယ်သွားလေသည်။

" ဘာကိစ္စရှိလို့လဲ "

" ငါ့‌နောက်လိုက်ခဲ့ ပြောစရာရှိတယ်"

" မလိုက်ချင်ဘူး ပြောချင်ဒီမှာပြော "

Towel တစ်ခုနှင့်ချွေးတွေသုတ်ကာ ရေတစ်ဘူးကိုဖွင့်ပြီးသောက်နေသောပုံရိပ်မှာ ကြည့်ကောင်းလွန်းတာမို့ ယွမ်ကျင်းတစ်ယောက် ခုနက ချိုးတင်ကျယ်လေသံကြောင့် ဒေါသထွက်လာတာတောင်ပျောက်သွားသလိုပင်။ ဒီကောင် အရင်ကဒီလိုကြည့်မကောင်းပါဘူး ထူးဆန်းလိုက်တာ ။

မျက်နှာကိုလွှဲပြီး ချောင်းဟန့်လိုက်ကာ နဂို လူမိုက်လေသံနဲ့ပြောလိုက်သည်။

" မင်း ဟွမ်းရှင်းကိုကြည့်မရဘူးမလား အေးငါလဲတူတူပဲ "

စကားကိုခဏရပ်ကာ လက်ပိုက်လိုက်ပြီး

Main Character Shou Always Trying To Devour Me Wo Geschichten leben. Entdecke jetzt