Part.39. 🚨🚨🚨

Start from the beginning
                                        

ခါးတစ်ဝိုက်ဝေ့ဝဲနေရာမှ မောင့်လက်ဖဝါးတွေက pajamasဘောင်းဘီလေးထဲ လျှိုဝင်လာပြီး ခပ်ကုန်းကုန်းဖြစ်နေသဖြင့် မို့မို့မောက်မောက်ဖြစ်နေသည့် အသားစိုင်တွေဆီ ဦးတည်လာချိန်တွင်တော့ တေး မောင့်လက်ဖျံနှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းလေးယမ်းလျက်....

"ဖြစ်ပါတယ်ကွာ"

မောင့်ပုံစံက ထိုစကားတစ်ခွန်းပြောရတာကို စိတ်မရှည်ဟန်ဖြစ်နေသည်။ တေးကတော့ မောင်နှုတ်ခမ်းတွေ တေးဆီတိုးကပ်လာလေလေ ခေါင်းလေးကို နောက်လှန်ပစ်ကာ ရှောင်တိမ်းလေလေဖြစ်၏။

တေးခေါင်းလေးယိမ်းသည့်ဘက် မောင်က လိုက်လံတိုးရင်းကပ်ရင်းဖြင့် တစ်ချိန်အရောက်...

"ဟင်"

"ရှီး"

တေးမျက်လုံးတွေ အဆမတန်ပြူးကျယ်ကုန်ပေမဲ့ မောင့်မျက်လုံးတွေကတော့ မှေးဆင်းသွားသည်။ထိုသို့ဆန့်ကျင်ဘက် တုံ့ပြန်မှုဖြစ်သွားရ သည်မှာတော့ မာန်အလုံးအရင်းနဲ့ထကြွနေသည့် မောင့်အရာက တေး အသားစိုင်နှစ်ခုကြား အံဝင်ခွင်ကျဖြစ်နေသည့် အနေအထားရောက် သွား၍ပင်။

မောင်က ထိုအနေအထားအတိုင်း အငြိမ်မနေဘဲ တေးခါးလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့ခါးကိုကြွကာ ရှေ့တိုးနောက်ဆုတ်လုပ်လိုက်တော့ တေး မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။

မောင့်လည်ပင်းအားခိုတွဲထားသောလက်တွေကလည်း မောင့်ရင်ဘတ်အား တွန်းကန်နေသည့် အနေအထားရောက်သွား၏။တေးကို မိန်းမိန်းမောမောစိုက်ကြည့်နေသည့် မောင့်မျက်ဝန်းနက်နက်တွေကို ရင်မဆိုင်နိုင်တော့သည့်အဆုံးမှာတော့

"မောင် လွှတ်....လွှတ်ပေး"

ရှက်စိတ်တွေကြီးစိုးနေသဖြင့် တေးနုတ်မှ ထွက်ကျလာသည့် စကားလုံးတို့က မချောမွတ်။တေး တကယ်အနေခက်ပါ၏။တေးတို့ရောက်နေတာက မှန်အပြည့်ကာရံထားသည့် လသာဆောင်ရှိ dreambedပေါ်။လေးလေးက သူ့ သူငယ်ချင်းတွေနဲ့ အပျော်ခရီးတစ်ခုလိုက်သွားသဖြင့် တေး ဒီနေရာမှာ မောင့်ရဲ့နမ်းရှုပ်နေမှုတွေကို မတားဆီးမိတာ။

KONWhere stories live. Discover now