Part.39. 🚨🚨🚨

54.4K 683 22
                                        

This part contains mature scenes. Read at your own risks

မောင်ပြောလိုက်တဲ့စကားကြောင့် တေး တစ်ကိုယ်လုံးကျောက်ရုပ်လေး ပမာ တောင့်ခဲသွားလေသည်။

မောင်ရဲ့မျက်ဝန်းနက်နက်တွေဆီမှ ရီဝေရိပ်၊တင်းတင်းစေ့ထားပုံရတဲ့ နှုတ်ခမ်း၊ တေးခါးလေးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်လက်များ။ ထို့အပြင် မောင်ပြောလိုက်မှ သတိထားမိလာသည့် တေးအသားစိုင်လေးနှင့် ထိတွေ့နေပြီဖြစ်တဲ့ ဖောင်းဖောင်းကြွကြွအရာ။ထိုသည်တို့ကြောင့် တေး လှုပ်ယမ်းလက်စ ခါးလေးတင်သာမက မျက်ဆန်လေးတို့ကိုပင် ထပ်မံလှုပ်ရှားမှု မပြုရဲတော့ချေ။

"သွားအိပ်တော့မယ်"

အသံ မတိုးမကျယ်လေးနှင့်အတူ မောင့်လည်ပင်းအား ခိုတွဲထားသည့် လက်တို့ကို တေး ရုတ်သိမ်းဖို့ ဟန်ပြင်လိုက်သည်။ထိုမျှမက မောင့်ခါးပေါ်ခွထိုင်နေသည့် အနေအထားမှလည်း တပ်ဆုတ်ကာ ထရပ်မည်အပြု…..

"အင့်!"

တေးခါးလေးတွေ နဂိုထက် တင်းကျပ်စွာ ရစ်နှောင်ခံလိုက်ရလေသည်။ မိမိအကြံစည်တွေ မအောင်မြင်တဲ့အပြင် မောင့်ခန္ဓာကိုယ်ပေါ် ထပ်တူကျ ပူးကပ်သွားတဲ့ အနေအထားကြောင့် တေး မောင့်လည်ပင်းကို လန့်လန့် ဖျပ်ဖျပ်ဖြင့် တိုးဖက်မိလိုက်တော့၏။

ထပ်တူကျသွားသည်မှာ ခန္ဓာကိုယ်နှစ်ခုတင်သာမက နှုတ်ခမ်းနှစ်စုံပါဖြစ်လေသည်။တေးနှုတ်ခမ်းတွေအား သွေးအရသာ ဆာလောင်မွတ်သိပ်နေသည့် သားရဲတစ်ကောင်က ကိုက်ဖောက်နေသည့်ပမာ အောက်နှုတ်ခမ်းလွှာလေးများအား ကိုက်ဆွဲသည်။သွေးစစို့စို့တို့ကို လျှာဖြင့်သပ်ယူ သုံးဆောင်သည်။

မောင့်အနမ်းတွေကြား ဘယ်တော့မှမလွတ်မြောက်နိုင်ခဲ့သည့်တေးမှာ အခုတစ်ခါတွင်လည်း တရှိုက်မက်မက်အနမ်းတွေကြား ကူကယ်ရာမဲ့။မောင့်ခန္ဓာကိုယ် တောင့်တောင့်ကြီးပေါ်မှာ တေးသည် ဖားပျံလေးကပ်နေသည့် ပမာပင် ဖြစ်နေလေ၏။

နှုတ်ခမ်းတွေကျူးကျော်နေစဉ်မှာပင် မောင့်လက်ဖဝါးနွေးနွေးက pajamasအင်္ကျီအောက်ရှိ တေးကျောပြင်လေးတစ်လျှောက်နှင့် တေးခါး လေးတစ်ဝိုက်သို့ ခရီးဆန့်နေသည်။ထိုအခါ နမ်းရှိုက်ရာမှထွက်လာတဲ့အသံတချို့ရယ် တေးရဲ့ ညည်းညူသံတစ်ပိုင်းတစ်စလေးတွေရယ်က လသာဆောင်ရှိ ဖန်အိမ်တစ်ခုလုံးအတွင်း ပျံ့နှံ့လျက်ရှိသည်။

KONWhere stories live. Discover now