Part.27. 🚨🚨🚨

70.1K 1K 311
                                        

This part contains mature scenes. Read at your own risks

"Cheer!"

ခွက်ချင်းတိုက်သံတွေ ပလုံစီသွားပြီးနောက်......

"သူများနဲ့စေ့စပ်တာပျက်ပြီး ကိုယ်နဲ့လက်ထပ်ရအောင် လုပ်နိုင်တဲ့ကောင်အတွက် ရင်ထဲအသည်းထဲကကို ဂုဏ်ပြုပါတယ်ကွာ"

မှူးခန့်ပိုင်ရဲ့ မဟာ့မဟာ ဂုဏ်ပြုစကားကြီးကြောင့် ခန့်ထည်မျက်နှာကြီး ရှုံ့မဲ့သွားရသည်။ထိုစဉ် မာနနဲ့ စက်နေမှာတော့ ယမကာခွက်ကိုမော့ရင်း ပြုံးစစ။

ခန့်ထည်ဝါမင်းဆိုတဲ့ကောင် တစ်နေ့ကုန်အူမြူးနေပြီး ယနေ့ညအတွက် ဒကာရှင်ဖြစ်သွားရတဲ့ အကြောင်းအရင်းမှာ အသည်းကွဲသမားဖြစ်လိုက်၊ဗီလိန်ဖြစ်လိုက်နဲ့ သူအသည်းအသန်လိုက်ခဲ့ရသော ဆရာဝန်မလေးက မီးစိမ်းပြလိုက်လို့ဟုသိရသည်။နှစ်ဖက်မိဘတွေကပါ သဘောတူကြပြီး မကြာခင် လက်ထပ်ပွဲကျင်းပတော့မယ့်အဆင့်ဆိုပဲ။ဘယ်လိုပြောရမလဲ ... ဗီလိန် လုပ်ရကျိုးနပ်သွားတာပေါ့။

"ငါ နည်းနည်းတော့ ဘဝင်မကျဘူးကွ၊အဖွဲ့ထဲမှာ မင်းတို့နှစ်ကောင်က ငါတို့နှစ်ယောက်ထက် အရင်ခြေချုပ်မိသွားတဲ့ ကိစ္စကိုလေ"

စက်နေ တကယ်ကို ဘဝင်မကျတာပါ။ဘယ့်နှယ့် ခြေချင်းလိမ်အောင် ပွေရှုပ်နေကြတဲ့ကောင်တွေက အရင်လက်ထပ်သွားကြရတယ်လို့။မိုး တစ်လုံးလေတစ်လုံးပြောတဲ့ မာနတံကွန်ဆိုတဲ့ကောင်ဆိုပိုဆိုး။

လက်ထပ်တာတွေ စေ့စပ်တာတွေ နောက်ထား၊ တစ်ယောက်ယောက်နဲ့ အတည်တွဲဖို့တောင် စိတ်ကူးမရှိခဲ့ကောင်က လပိုင်းအတွင်းမှာတင် အိမ်ထောင်သည်ဘဝ တန်းရောက်သွားခဲ့သည်။
ခန့်ထည်လည်း ဘာထူးတုံး။မာနလောက်သာမဆိုးမယ် မရှင်းမရှင်း အဆွယ်အပွားတွေ အများသား။

ရှင်းရှင်းပြောရရင် ဘဝကို ပေါ့ပေါ့တန်တန်ဖြတ်သန်းနေတဲ့နှစ်ကောင်က လက်ထပ်တယ်ဆိုတဲ့ချုပ်နှောင်ခြင်းဆီကျ လိုလိုလားလားကြီး ကူးခတ်သွားနေကြတာ၊ သက်ာမကင်းဖြစ်ဖွယ်ပါပဲ။

"အားကျရင် အားကျတယ်ပေါ့၊ဝန်ခံလိုက်စမ်းပါ စက်နေရ"

"ဘာကို အားကျရမှာလဲ၊အမျှင်အတန်းတွေ စိတ်မဝင်စားလို့တောင် အေးဆေးနေနေတာ"

KONWhere stories live. Discover now